Tuesday, July 12, 2016

အတုယူထိုက်သူတစ်ဦး

လေးစားစရာ အမျိုးသ္မီးတစ်ဦး
သူ့နာမည်က - မခင်ဝင်း
နေစရာ ခြံမရှိ
သူတစ်ပါးခြံမှာ ကပ်နေရင်း
မီးဖိုချောင်သာသာ အိမ်ကလေးနဲ့
သ္မီးနှစ်ယောက်ကို လုံခြုံစွာထားခဲ့တယ်။
ဘဝအသိတွေပေး
မရွိဘဝက ရှိအလှတွေပေးရင်းနဲ့ပေါ့။
ဈေးတောင်းကို ခေါင်းပေါ်ရွက်
သ္မီးနှစ်ယောက် ဘဝမခက်ရဖို့
ရုန်းကန်ကြိုးစား မနားရရှာလည်း
သူ့မျက်နှာ အပြုံးပန်း
မညှိုးနွမ်းခဲ့ပါဘူး။
ကမ်ဘာပေါ်မှာ ငါပိုင်ဆိုင်ရာမြေကွက်
ခြေတစ်ဖဝါးစာပင် ပြရန်ခက်သော်လည်း
သ္မီးနှစ်ယောက်ပညာရေး ဆုံးခန်းတိုင်အောင်ပေးခဲ့တယ်။
ကံဆိုးမသြားရာ မိုးလိုက်လို့ရွာဆိုသလို
သူမဘဝ မလွပခဲ့ပါဘူး။
ဒီလိုဘဝထဲ ဆြံ,အ,နားမကြားဆိုတဲ့
သားလေးတစ်ယောက်က ဝင်လာရဲသေးတယ်နော်။
ဒါပေမယ့် သူမဘဝ စိတ်ဓာတ်မကျခဲ့ပါဘူး။
သားလေးအတွက်လည်း ကြိုးစားပေးခဲ့ရှာတယ်။
ခုတော့ သူမရဲ့ချွေးနဲ့ တည်ဆောက်ပေးခဲ့တဲ့
သ္မီားလေးတွေ လောကအလယ်
ရုပ်လုံးကြွယ်လို့နေပါပြီ။

ဖြစ်ရပ်မှန်လေးဖြစ်သည့်အတွက် ကာယကံရှင်များ ကျေနပ်မှုမရှိပါက တောင်းပန်အပ်ပါသည်။

                                                                                         လေးစားစွာဖြင့် မုန်း မရွိ


No comments:

Post a Comment