၁၆၀
မိမိသည်သာလျှင် မိမိ၏ကိုးကွယ်ရာဖြစ်၏၊ သူတစ်ပါးသည်မိမိ၏ ကိုးကွယ်အားထားရာ အဘယ်မှာ ဖြစ်ရာအံ့နည်း၊ မိမိကိုယ်ကို ကောင်းစွာ ဆုံးမခြင်းအားဖြင့် ရခဲလှသည့်နိဗ္ဗာန်တည်းဟူသော ကိုးကွယ်ရာကို ရလေ၏။
ဓမ္မပဒ
ရှေးသရောအခါ မုဆိုးတစ်ယောက်သည် တောသို့သွား၍ ဥပယ်တမည်ဖြင့် ဖမ်းရာ ကိန္နရာဖိုနှင့် ကိန္နရာမကိုရ၍ မင်းအားဆက်သ၏။ မင်းကြီးသည် မမြင်ဘူးသော ကိန္နရာ ဖို-မကိုတွေ့ရလျှင် ဝမ်းမြောက်ဝမ်းသာရှိ၍ "ဤသူတို့၌ အဘယ်ဂုဏ်ကျေးဇူးရှိသနည်း"ဟုမေး၏။"ဤသူတို့သည် သာယာစွာသော အသံဖြင့် သီလည်းသီတတ်ကုန်၏၊ ကလည်းကတတ်ကုန်၏"ဟု မုဆိုးက လျှောက်လျှင် ဆုလာဒ်များစွာပေး၍ ကိန္နရာ ဖို-မတို့ကို သီကရန်တိုက်တွန်း၏။ သို့သော်လည်း သူတို့သည် မသီကြ- မကကြ၊ တစုံတရာစကားလည်းမဆိုဘဲ ဆိတ်ဆိတ်နေကြ၏။
စကားမြှား
🎄စကားတစ်ခွန်း
ပျားတစ်ဇွန်းလို
ကြည်ချိုမွှေးမြ
ဖေးမသလား။
😡စကားတစ်လုံး
အဆိပ်ပုံးထင်
နားဝင်မချို
ရန်လိုသလား……။
👨လူပြောမသန်၊ လူသန်မပြော
ဟောသည်မှာကြည့်၊ ပစ်ကွင်းထိအောင်
တော်တည့်ဖြောင့်မှန် …
ဟိံ … သစ္စံ …
အမှန်တရား
စကားမြှားသည်
မှားသူရင်ကို စိုက်စေသတည်း။
(မောင်စိန်ဝင်း - ပုတီးကုန်)
မျက်ကန်းတစ်ယောက်အတွက်
မှန်တစ်ချပ်ဟာ အလကားပါပဲ။
စိတ်ပုတ်ရှိနေသူအတွက်
ပညာတတ်ခြင်းဟာလည်း
အလကားပါပဲ ။ ။
"အတွင်းရန်သူများ"
၁။ စိတ်ဆိုးခြင်း
၂။ ကြောက်ခြင်း
၃။ စိတ်ရှုပ်ခြင်း
၎။ မုန်းတီးခြင်း
၅။ ကလဲ့စားချေလိုခြင်း
၆။ ဝမ်းနည်းခြင်း
၇။ လောဘကြီးခြင်း
၈။ နာမည်ကျော်ကြားလိုခြင်း
၉။ မာနကြီးခြင်း
၁၀။ စိတ်အားငယ်အောင်တွေးတောခြင်း
ဗုဒ္ဓဘာသာကို ကျွန်ုပ်ဘာ့ကြောင့်နှစ်ခြိုက်ရပါသလဲ?
"အခြား ဘယ်ဘာသာကမှ လုပ်မပေးနိုင်တဲ့ အခြေခံမူ ၃-ခုကို ဗုဒ္ဓဘာသာက လုပ်ပေးနိုင်လို့ ကျွန်တော်နှစ်သက်ပါတယ်။
🎄အယူသည်းမှု မရှိအောင်
🎄သဘာဝလွန်ဖြစ်ရပ်ကို လက်မခံအောင်
🎄မေတ္တာတန်ဖိုးနဲ့ တန်းတူညီမျှရေးကို နားလည်အောင် ဗုဒ္ဓဘာသာက သင်ပေးပါတယ်။"
Dr.B.R.Ambedkar(အိန္ဒိယ)
😱 ပုထုဇဉ်ဆိုတာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်ဖို့အတွက် အင်မတန်မှခဲရင်းပါတယ်။
အဲ့ဒါကြောင့် အများသဘောတူညီမှုနဲ့ လက်ခံယုံကြည်မှုကို ရယူပြီးမှ ဆုံးဖြတ်ချက်ကို ချရတာ။ ဒါတောင်မှ အမှန်မဖြစ်နိုင်သေးပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ အားလုံးဟာ ပုထုဇဉ်တွေ ဖြစ်နေလိုပါဘဲ။
မုန်းမရှိ
😒 ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အရာအတွက် တွေးပြီးစိတ်ဆင်းရဲနေမယ်ဆိုရင် အချန်တွေကို အလဟဿဖြုန်းနေတာနဲ့ အတူတူပါပဲ။
မေဖုန်းသော်(မကွေး)
"အတွင်းရန်သူများ"
၁။ စိတ်ဆိုးခြင်း
၂။ ကြောက်ခြင်း
၃။ စိတ်ရှုပ်ခြင်း
၎။ မုန်းတီးခြင်း
၅။ ကလဲ့စားချေလိုခြင်း
၆။ ဝမ်းနည်းခြင်း
၇။ လောဘကြီးခြင်း
၈။ နာမည်ကျော်ကြားလိုခြင်း
၉။ မာနကြီးခြင်း
၁၀။ စိတ်အားငယ်အောင်တွေးတောခြင်း
လမ်းအားလုံးတို့တွင် အင်္ဂါရှစ်ပါးရှိသော လမ်းသည် အမြတ်ဆုံးဖြစ်၏။ သစ္စာအားလုံးတို့တွင် သစ္စာလေးပါးတို့သည် အမြတ်ဆုံး ဖြစ်ကုန်၏။ သဘောတရား အားလုံးတို့တွင် ရာဂ ကင်းသော သဘောတရား ( နိဗ္ဗာန်)သည် အမြတ်ဆုံးဖြစ်၏။ ခြေနှစ်ချောင်း ရှိကုန်သော လူ နတ် ဗြဟ္မာ သတ္တ၀ါ အားလုံးတို့တွင် ပညာမျက်စိ ရှိတော်မူသော မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်၏။
( ဓမ္မပဒ)
Best of ways is the Eightfold (Way). Best of truths are the Four (Truths). Passionlessness is the best of (mental) states. The Man of Vision (cakkhuma) is the best of bipeds.
သစ္စာတည်းဟူသော အမှန်တရားကို လွန်ကျူး၍ မဟုတ်မမှန်သော စကားကိုလည်း ဆိုလေ့ရှိ၊ နောင်ဘ၀အတွက် ဆင်ခြင် စဉ်းစားခြင်းလည်းအလျဉ်းမရှိသောသူမှာ မပြုနိုင်မည့် မကောင်းမှုဟူ၍ မရှိ။ (မကောင်းမှုဟူသမျှကို ပြုလုပ်နိုင်မည်သာတည်း။)
ဓမ္မပဒ
There is no wrong that cannot be committed by a lying person who has transgressed one (good) principle (i.e., that of truthfulness), and who has given up (all thought of) the other world.
သတ္တ၀ါ အားလုံးတို့သည် တုတ် လှံတံကို လန့်ကုန်၏။ မိမိတို့၏ အသက်ကို ချစ်မြတ်နိုးကုန်၏။ (မိမိသည်လည်း ကိုယ့်အသက်ကို ချစ်မြတ်နိုးသော သတ္တ၀ါ တစ်ဦး ဖြစ်သည့်အတိုင်း) မိမိကိုယ်ကို ပမာထား၍ အခြား သတ္တ၀ါတို့ကို မညှင်းဆဲ၊ မသတ်ဖြတ်ရာ။
All (living beings) are terrified of punishment (danda); to all, life is dear. Making comparison (of others) with oneself, one should neither kill nor cause to kill.
ငါ၏ အနည်းငယ်မျှသော မကောင်းမှုသည် ငါ့အား အကျိုးမပေးလတ္တံဟု မကောင်းမှုကို အထီမဲ့မြင် မမှတ်ရာ၊ မိုးပေါက် ကျဖန်များသော် ရေအိုးကြီးပင် ပြည့်လေသကဲ့သို့ မကောင်းမှုကို အနည်းငယ် ပြုဖန်များသော် သူမိုက်သည် မကောင်းမှုနှင့် ပြည့်လေ၏။
Do not underestimate evil, (thinking) ‘It will not approach me.’ A water- pot becomes full by the (constant) falling of drops of water. (Similarly) the spiritually immature person little by little fills himself with evil.
အားကိုးမမှားစေနဲ့
ငါ့မှာ သားသမီးတွေရှိ၏ဟု (သားသမီး ပစ္စည်း တို့ကို တွယ်တာ၍ မမြဲခြင်း သဘော တရားကို သတိမထားသော) သူမိုက်သည် စိုးရိမ်ပူပန်၏။ (ထိုသို့ပင် စိုးရိမ်ပူပန်သော်လည်း အိုခြင်း၊ နာခြင်း ၊ နှိပ်စက်၍ သေရမည့် အခါ) မိမိပင်သော်လည်း မိမိ အတွက် အားထားရာ မဖြစ်နိုင်၊ သားသမီး ပစ္စည်းဥစ္စာတို့သည် အဘယ်မှာ အားထားမှီလိုရာ ဖြစ်နိုင်ကုန်အံ့နည်း။
The spiritually immature person vexes himself (thinking) ‘Sons are mine, riches are mine’. He himself is not his own, even; how then sons? how then riches?
"စကား"
လူတစ်ယောက်ရဲ့ အမှုမဲ့,အမှတ်မဲ့ သာမန်ပြောလိုက်တဲ့ စကာတစ်ခွန်းဟာ ထိုသူအတွက် ဘာမှမဖြစ်လောက်ဘူး ထင်ပေမယ့် တစ်ခြားလူတစ်ယောက်အတွက် များစွာထိခိုက်နိုင်သွားနိုင်ပါတယ်။
ထို့ကြောင့် စကားပြောဆိုရာတွင် သတိထားပြောဆိုပါ။
"အများနှင်တည့်အောင် ပေါင်းသင်းနည်း"
၁။ ကိုယ့်အပြစ် ကိုယ်ရှာ(အများမကြိုက်တဲ့အချက်)
၂။ ကိုယ့်အပြစ် သူတစ်ပါးပြောလာ ဝမ်းသာ(ပြုပြင်)
၃။ သူတစ်ပါးရဲ့ကောင်းကွက်ကိုကြည့်(လူတိုင်းမှာ တစ်ခုကောင်းတော့ ရှိတတ်မြဲ)
"သုတနွမ်းပါးရင်"
သုတနွမ်းပါးမှုက ကြောက်စရာ အကောင်းဆုံးပါပဲ။
ငွေနွမ်းပါးတာ၊ စားစရာနွမ်းပါတာက တစ်ယောက်တည်း ဒုက္ခရောက်မှာ။
သုတနွမ်းပါးတာက ပတ်ဝန်းကျင်တစ်ခုလုံး၊ တစ်နိုင်ငံလုံး ဒုက္ခရောက်မှာ။
ကောင်းဆက်နိုင်
"ငါ့အတွက်မင်း"
မင်းသာ ငါ့ဘဝရဲ့ အလင်းရောင်၊
မင်းသာ ငါ့ မျှော်လင့်ချက်၊
မင်းသာ ငါ့နှလုံးသား၊
မင်းသာ ငါ့အင်အား၊
မင်းဟာ အခြားမဟုတ် …
ပညာ … သာ ။ ။
M.အာတာရ် R.အာလီ
ကိုယ်ကျင့်သီလတန်ဖိုး
ကိုယ်ကျင့်သီလသိက္ခာမရှိလျှင် ပညာတွေဘယ်လောက်တတ်တတ် ရာထူးတွေဘယ်လောက်ကြီးကြီး ပစ္စည်းဥစ္စာတွေဘယ်လောက်ရှိရှိ မိမိအကျိုး၊ လောကအကျိုးကို ကြာရှည်အောင် မထိန်းနိုင်ပါဘူး။ ကြာရှည်အောင် မစွမ်းဆောင်နိုင်ပါဘူး။
"ဆရာ့ကျေးဇူးစွမ်းရည်ထူး"
လူဆိုတာ မသင်ဘဲ ဘာမှမတတ်ဘူး။ ဆရာမပြဘဲ ဘာမှ နည်းမှန် လမ်းမှန် မတတ်မြောက်နိုင်ပါဘူး။ အသင်၊အမြင်၊အကြား မပါဘဲ ဘယ်ပုထုဇဉ်မှ အသိဉာဏ် မတိုးတက်နိုင်ဘူး။ ဘဝတန်ဖိုးနိမ့်ကျနေမယ်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတို့ရဲ့ နည်းညွှန်လမ်းပြရရှိမှ အသိမှန် ဉာဏ်ဖွံ့ဖြိုးလို့ လူ့စွမ်းအားတိုးတက်ပြီး လူ့တန်ဖိုးမြင့်မားနိုင်ပါတယ်။ တန်ဖိုးမဲ့အဆင့်ကနေပြီး တန်ဖိုးမြင့်အဆင့်ရောက်အောင် မြငှ့်တင်ပေးတဲ့ ဆရာများရဲ့ ကျေးဇူးဟာ အထူးကြီးမား များပြားလှပါတယ်။
ဆရာကောင်းဆိုတာ ……
၁။ စာပေနှံ့စပ်ကျွမ်းကျင်တယ်၊ အကြားအမြင် ဗဟုသုတကြွယ်ဝတယ်။
၂။ အများနားလည်အောင် သင်ပြပေးလိုတဲ့ ဝါသနာ အထုံအားကြီးလို့ အထူးစိတ်ပါဝင်စားတယ်။
၃။ အကျိုးလိုလား မေတ္တာထားလို့ စေတနာထက်သန်တယ်။
၎။ ကိုယ်ကျိုးစွန့်ခွာ အနစ်နာခံနိုင်တယ်။ ကိုယ်ရဖို့ထက် သူများပေးဖို့သာ အာသန်နေတတ်တယ်။
ပြီးတော့ ဆရာမြတ်ဟာ ……
၁။ မေတ္တာနဲ့ အရိပ်ပေးပြီး စည်းကမ်းနဲ့ အလှဆင်ပေးတယ်။ နည်းကောင်းလမ်းမှန် ဝင်ရောက်နိုင်အောင် တံခါးဖွယ့်ပေးတယ်။
၂။ တပည့်ကို မတိမ်းစောင်းအောင် ထိန်းကျောင်းပေးတယ်။
၃။ မဆုတ်၊ မရပ်၊ မချော်ရအောင်၊ အချိန်မီ အလုပ်ပြီးအောင် ပန်းတိုင်မရောက်မချင်း တွန်းအားပေးတယ်။
၎။ လမ်းမမှားရအောင် ညွှန်ကြားပေးတယ်။ ပညာနဲ့ ထည်ဝါအောင် ဂုဏ်ကျက်သရေ အဆင့်ဆင့်တင်ပေးတယ်။
ဆရာကောင်းဟာ တပည့်ကောင်းရဲ့ အထိန်းတွန်းအား လမ်းညွှန်ကောင်းဖြစ်တယ်။ တပည့်ကိုယ်တိုင် သတိနဲ့ ထိန်းတတ်ဖို့၊ ဝီရိယနဲ့ ကိုယ့်ဟာကိုတွန်းတတ်ဖို့၊ ပညာနဲ့ ကိုယ့်ဟာကိုယ် သုံးသပ်ဆုံးဖြတ်တတ်ဖို့ ဆရာက အားလုံးလမ်းညွှန်သွန်သင်ပေးပါတယ်။
နောက်ပြီးတော့ ဆရာကောင်းဟာ ……
၁။ တပည့်များကို မေတ္တာတရားနဲ့ စောင့်ရှောက်တယ်။ မေတ္တာ လွှမ်းခြုံပေးတယ်။ မေတ္တာဓာတ် ကူးစက်စိမ့်ဝင်စေတယ်။
၂။ ကရုဏာတရားနဲ့ သနားကြင်နာ စာနာစိတ်ထားပြီး ယုယုယယ ဖေးမကူညီ စောင့်ရှောက်ပေးတယ်။
၃။ တကယ်ကြိုးစားလို့ တကယ်တော်လာ ကောင်းလာရင် မုဒိတာတရားနဲ့ ဝမ်းမြောက်ဝမ်းသာ ဂုဏ်တင်ချီးမြှောက်ပေးတယ်။
၎။ တကယ်အရည်အချင်း ပြည့်စုံသွားလျှင် အထူးကြောင့်ကြမစိုက်တော့ဘဲ ဥပေက္ခာနဲ့ အေးမြစွာ လျစ်လျူရှုလိုက်တယ်။ မတော်မကောင်း တိမ်းစောင်းသွားလို့ အပြစ်ရှိလာရင်လည်း သူ့ကံနဲ့သူပဲမို့ ဥပေက္ခာနဲ့ အေးမြစွာ ပြစ်ဒဏ်ပေးတယ်။ လက်လွှတ်လိုက်တယ်။
ဆရာကောင်း ဆရာမြတ်နှင့် တကယ်တွေ့ဆုံခွင့်ရတဲ့ တပည့်ကောင်းပုဂ္ဂိုလ်ဟာ ပစ္စုပ္ပန်တစ်ဘဝတင်မကဘူး၊ သံသရာတစ်ခွင်နိဗ္ဗာန်ရောက်သည်အထိ အစောင့်အရှောက်ကောင်း၊ ဓာတ်ကောင်း၊ အလေ့အကျင့်ကောင်းများကို ထုံနေအောင် ရရှိတတ်စမြဲပါ။
တိပိဋကဓရ ယောဆရာတော်
ဂေဇက်ထွက်တော့ သူမပါ
ဝမ်းနည်းစကား ပြောဆိုလာ၊
ခဏတော့ကွယ် သူခံပြင်း
ကြိုးစားမယ်လို့ အားမာန်တင်း။
တစ်လ,နှစ်လ ကျော်လွန်လာ
ရှေးနည်းအတိုင်း သူ့မူယာ၊
စားကာ,အိပ်ကာ ဟန်ရေးပြ
အစမ်းဖြေတိုင်း သူလေကျ။
ပြစ်တင်ရှုံ့ချ သူ့ဖို့မှာ
ရိုးနေပြီကွဲ့ မရှက်ပါ။
နောင်နှစ်ခါ အောင်ဂေဇက်
ရှေးနည်းအတိုင်း ကျန်ရစ်လျက်။
တစ်နှစ်,နှစ်နှစ် သုံးနှစ်တက်
နှစ်သာကုန်ခဲ့ တန်းမတက်။
မူရင်းစာသားကို အနည်းငယ်ပြင်ထားပါသည်
"နှစ်သာကုန်ခဲ့ ဂုဏ်မတက်"
ဂေဇက်ထွက်တော့ သူမပါ
ဝမ်းနည်းစကား ပြောဆိုလာ၊
ခဏတော့ကွယ် သူခံပြင်း
ကြိုးစားမယ်လို့ အားမာန်တင်း။
တစ်လ,နှစ်လ ကျော်လွန်လာ
ရှေးနည်းအတိုင်း သူ့မူယာ၊
စားကာ,အိပ်ကာ ဟန်ရေးပြ
အစမ်းဖြေတိုင်း သူလေကျ။
ဒဏ်ထမ်း,ဒဏ်လျှောက် သူ့ဖို့မှာ
ရိုးနေပြီကွဲ့ မရှက်ပါ။
နောင်နှစ်ခါ အောင်ဂေဇက်
ရှေးနည်းအတိုင်း ကျန်ရစ်လျက်၊
တစ်ဝါ,နှစ်ဝါ သုံးဝါထွက်
နှစ်သာကုန်ခဲ့ ဂုဏ်မတက်။
နောင်ဝါ(နဂါး)၏ 'လွယ်အိပ်လိုလူစားနှင့် အခြားကဗျာများ' စာအုပ်မှ
မျက်ကန်းတစ်ယောက်အတွက်
မှန်တစ်ချပ်ဟာ အလကားပါပဲ။
စိတ်ပုတ်ရှိနေသူအတွက်
ပညာတတ်ခြင်းဟာလည်း
အလကားပါပဲ ။ ။
လူဆိုတာ
နာကြည်းမုန်းတီးဖို့ လွယ်သလောက်
သည်းခံခွင့်လွတ်ဖို့ ခတ်တယ်
အကြံပေးဖို့ လွယ်သလောက်
လိုက်နာဆောင်ရွက်ဖို့ ခတ်တယ်
အပြစ်တင်ဖို့ လွယ်သလောက်
ချီးမွန်းတတ်ဖို့ ခတ်တယ်………
ဒေါသ
လောကမှာ အပြင်းထန်ဆုံးအဆိပ်ဟာ ဒေါသပါ။
လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို သိသိသာသာ ကျဆင်းစေတာ ဒေါသပါ။
ကိုယ့်အပေါ်ထားရှိတဲ့ ပတ်ဝန်းကျင်ရဲ့ မေတ္တာတရားကို ဆုံးရှုံးစေတာ ဒေါသပါ။
ကိုယ့်အပေါ် ကူညီစောင့်ရှောက်နေသူတွေရဲ့ ကမ်းလက်ကို ပုတ်ချလိုက်တာ ဒေါသပါ။
ကိုယ့်အပေါ် သူတော်ကောင်းတစ်ယောက်အဖြစ် သတ်မှတ်ထားသူတွေရဲ့ ယုံကြည်မှုကို ဖျက်ဆီးပစ်တာ ဒေါသပါ။
မိမိအကျိုးကို မသိအောင် ကာကွယ်ပိတ်ပင်လိုက်တာ ဒေါသပါ။
အမွေခံမြွေ
လောကုပဒေ ၊ အမွေဟူငြား
သားချင်းများတို့ ၊ မွေစားမစုံ
မွေပုံမပြီး ၊ အတီးမသွေ
ရှေးလွန်လေက ၊ သန္ဓေအဟိတ်
ဈန်မဂ်ပိတ်လည်း ၊ မဆိတ်မွေစု
မြွေထုံးရှုလော့ ။ (၃၇၉)
ရှေးသောအခါ ဗာရာဏသီပြည်၌ သူဌေးတယောက်၏ မယားသည် ယောက်ျားငါးယောက် ၊ မိန်းကလေးတယောက်နှင့် ထို့နောက် လူကားမမွေး မြွေမွေး၏။ အမိအဖတို့သည် ရှက်ကြောက်သည်ဖြစ်၍ သေခဲ့သည်ဆိုကာ အိမ်ခြံရင်းနားတွင် ထူးတွင်းပြု၍ ထား၏။ ကြာသော် မြွေသည် ထွန်တုံးလောက်ရှိ၏။
သူဌေးလင်မယားသည်သေခဲ့၍ ထိုသားသ္မီးခြောက်ယောက်တို့သည် အမိအဖတို့၏ အမွေကို ခြောက်စုစု၍ ဝေကြ၏။ မြွေလည်း အမွေဝေရာသို့လာ၍ ခြောက်စုစုသည်ကို အမြီးနှင့်သိမ်း၍ ဖျက်ပစ်၏။ အကြိမ်များစွာ ပြုလက်မူ အကိုကြီးသည် ဗာရာဏသီမင်းထံသွား၍ လျှောက်ကြား၏။
မင်းလည်း မြွေ၏ ဇာစ်မြစ်ကိုစစ်မေးပြီးလျှင် "ထိုသို့ တပြီးကား မြွေလည်း သားပင် ဖြစ်သောကြောင့် မြွေ၏ အဘို့လည်း တစုပါလေ"ဟု ဆို၏။ မြွေ၏အဘို့နှင့် ခုနစ်စု စုသောအခါ မြွေသည် မိမိအဘို့ကို အမြီးနှင့်သိမ်း၍ နှစ်မအထွေးသို့ ပေါင်းပေးပြီးလျှင် မိမိနေရာသို့ ပြန်သွားလေ၏။
တိရစ္ဆာန် ဖြစ်စေကာမူ တမိတဖဖြစ်သောကြောင့် မိဘတို့၏ အမွေဥစ္စာကို ထပ်တူထပ်မျှ စားရ၏။ သို့ကြောင့် သားချင်းတို့သည် ယုတ်မြတ် ဖြစ်ကြစေကာမူ မိဘတို့၏ အမွေဥစ္စာ အတူအမျှလျှင် ဝေစေကုန်ရာ၏။ မိဘတို့၏ အမွေဥစ္စာကို သားသ္မီးတို့သာလျှင် ရရာ၏။ အဖိုး၊ အဖေး၊ ဖထွေး၊ မိကြီး၊ မိထွေး၊ အဖွားတို့ မစားရကုန်။
(မဟာသုတကာရီ လမ်းညွှန်နီတိ)မှ မျှဝေသည်