"စကားအရာ အင်္ဂါလေးတန်"
(၁) သုဘာသိတ _ ကောင်းသောစကား ။
(၂) ဓမ္မ _ တရားသော စကား ။
(၃) ပီယ _ ချစ်ဖွယ်သော စကား ။
(၄) သစ္စ _ မှန်သော စကားတို့ ဖြစ်သည် ။
ထိုတွင် သူအချင်းချင်း မတည့်အောင် ရန်တိုက်ပေးသော ပိသုဏဝါစာကို မပြောဆိုဘဲ ကွဲပြားသူများ ညီညွတ်အောင်, ညီညွတ်နေသူများ ပိုမိုညီညွတ်အောင် ပြောဆိုသောစကားကို သုဘာသိတဟု ဆိုသည်။
သမ္ဖပ္ပလာပ (အနက်အဓိပ္ပါယ်ကင်းမဲ့သော စကားဖျင်း)ကို မဆိုဘဲ ရှောင်ရှားလျက် အဖြစ်အပျက် အကြောင်းအရာမှန် , သဘာဝအမှန်ကို ပြောဆိုခြင်းကား ဓမ္မဖြစ်သည်။
ဖရုသဝါစာ (ဆဲရေးမောင်းမဲ ကျိန်ဆဲခြင်းစသော ကြမ်းထမ်းသောစကား)ကို မဆိုဘဲ သာယာပြေပြစ် နှစ်လိုဖွယ်ပြောဆိုသော စကားမှာ ပီယ(ချစ်ဖွယ်စကား)ဖြစ်၏။
မုသာဝါဒ(လိမ်ပြောသော စကား)ကို မဆိုဘဲ အမှန်အတိုင်းပြောသော စကားမှာ သစ္စာပင်တည်း။
သဂါထာဝဂ္ဂ - သုဘာသိတသုတ်လာ စကားလေးမျိုး

No comments:
Post a Comment