- "တုမနှိုင်းသာ"
- ကောင်းကင်တက်ထွန်း လပြည့်ဝန်း
- လေးကျွန်းစကြာ ဤကမ္ဘာ
- တစ်ခုသာရှိ သို့ပါဘိ
- အမှိုက်မှောင်အား ကုန်ဖယ်ရှား၏။
- သိန်းသောင်းထောင်ရာ ကြယ်တာရာ
- များစွာရှိနော် သို့ပါသော်
- အမှိုက်အမှောင် ကုန်စင်အောင်
- ဖယ်ဆောင်ခြင်းငှာ မစွမ်းရာ။
- ပုံပမာယူ ထိုနည်းတူ
- ပညာရှိသူ တစ်ယောက်မူ
- တစ်မူထူးခြား ဂုဏ်များပြား၏။
- ပညာမဲ့ကား
- အရာမက
- များပြားလှလည်း မမြတ်ဘဲ
- တန်ဖိုးချင်းရာ မနှိုင်းသာ။ ။
- မုန်း မရှိ

No comments:
Post a Comment