Wednesday, June 3, 2015

အမြတ်ဆုံးအရာ


လမ်းအားလုံးတို့တွင် အင်္ဂါရှစ်ပါးရှိသော လမ်းသည် အမြတ်ဆုံးဖြစ်၏။ သစ္စာအားလုံးတို့တွင် သစ္စာလေးပါးတို့သည် အမြတ်ဆုံး ဖြစ်ကုန်၏။ သဘောတရား အားလုံးတို့တွင် ရာဂ ကင်းသော သဘောတရား ( နိဗ္ဗာန်)သည် အမြတ်ဆုံးဖြစ်၏။ ခြေနှစ်ချောင်း ရှိကုန်သော လူ နတ် ဗြဟ္မာ သတ္တ၀ါ အားလုံးတို့တွင် ပညာမျက်စိ ရှိတော်မူသော မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်၏။
                                                             ( ဓမ္မပဒ)
Best of ways is the Eightfold (Way). Best of truths are the Four (Truths). Passionlessness is the best of (mental) states. The Man of Vision (cakkhuma) is the best of bipeds.


No comments:

Post a Comment