- ကာယ,ဉာဏ၊ ဓနအင်အား၊ ရှိပါငြားလျက်၊
- သူတစ်ပါးအကျိုး၊ မသယ်ပိုဘဲ၊
- ကိုယ်ကျိုးသာမျှ၊ သယ်ပိုးကြလျှင်၊
- ဘဝအဓိပ္ပါယ်၊ ဆိတ်သုဉ်းကွယ်ဟု၊
- တကယ်သိမြင်၊ ဉာဏ်နှင့်ယှဉ်လျက်၊
- လူရှင်အကျိုး၊ တိုးထက်တိုးအောင်၊
- အားကြိုးမာန်ပါ၊ သယ်ပိုးပါမှ၊
- ရလာဘဝ၊ လွန်လှပ၍၊
- ဘဝအဓိပ္ပါယ်၊ ပြည့်ဖြိုးကြွယ်မည်၊
- တကယ်စွမ်းသမျှ သယ်ပိုးကြ။
- အရှင်တိက္ခ(တောင်စွန်း)

No comments:
Post a Comment