- မိုးမှောင်ကကျ
- လေပြင်းကတိုက်
- မိုးသည်းထန်စွာရွာ
- ငါနေတဲ့-တဲအိမ်လေး
- တံခါးလေးတွေပိတ်လို့
- သိပ်သိပ်ကလေး
- ငါကွေးနေရဲ့။
- မိုးကမလုံ
- တိုက်လိုက်တဲ့လေပြင်း
- ငါ့တဲအိမ်လေး လွင့်စင်ပြေးလေမလား?
- ထိုသို့တွေးစဉ်
- မမျှော်လင့်ဘဲ
- ပစ်လိုက်တဲ့မိုးကြိုး ..ဂျိန်း ……
- ငါ့နှလုံးသား နာကျင်လို့သွားခဲ့တယ်။
- ဒဏ်ရာများနဲ့ နှလုံးသား
- လောကဓံရဲ့ ရိုက်ပုတ်တဲ့ဒဏ်ကို
- မခံနိုင်သေးပါလား။ ။
- မုန်းမရှိ

No comments:
Post a Comment