"လူကြီးလူကောင်း"
လူကြီးလူကောင်းဆိုရာမှာ လူကြီးနဲ့ လူကောင်းဟာ တစ်ပုဒ်စီပါ။ လူကြီးကတစ်ပုဒ် လူကောင်းကတစ်ပုဒ်ပါ။ လူကြီးဆိုသည်မှာ အသက်ကြီးရင်လည်း လူကြီးဖြစ်တာပါပဲ၊ တာဝန်ကြီးတွေယူထားရလို့ရှိရင်လည်း လူကြီးဖြစ်တာ လူကြီးလို့ အခေါ်ခံကြရတာပါပဲ။ ဒါပေမယ့် လူကြီးဖြစ်တိုင်း လူကောင်းမဖြစ်နိုင်ပါဘူး။ လူကြီးကို လူကောင်းဖြစ်အောင်လုပ်ပေးတာ သီလ(ကိုယ်ကျင့်တရား)ပါ။
လူကောင်းဆိုတာ ကိုယ်ကျင့်တရားရှိတဲ့သူကို လူကောင်းလို့ခေါ်ပါတယ်။ ဒါ့ကြောင့် လူကောင်းဆိုတာ လူကြီးဖြစ်မှ ဖြစ်နိုင်တာမဟုတ်ပါဘူး။ ကိုယ်ကျင့်တရားကောင်းတဲ့သူဆိုရင် လူငယ်လည်း လူကောင်းဖြစ်တာပါပဲ။ ဆင်းရဲတဲ့လူ ချမ်းသာတဲ့လူ ရာထူးရှိတဲ့လူ ရာထူးမရှိတဲ့လူ မည်သူမဆို ကိုယ်ကျင့်တရားကောင်းလို့ရှိရင် အားလုံးဟာ လူကောင်းဖြစ်နိုင်ကြပါတယ်။
ထို့ကြောင့် လူကြီးဖြစ်ဖို့ထက် လူကောင်းဖြစ်ဖို့က ပိုအရေကြီးပါတယ်။

No comments:
Post a Comment