Saturday, December 12, 2015
ကိလေသာ(၁၀)ပါး
ကိလေသာ ၁၀-ပါး
ပူပန်ဆင်းရဲစေတတ်သော တရား ၁၀-ပါး။
(၁) လောဘ- ကာမဂုဏ်ငါးပါး၌ သာယာခင်မင် လိုချင်တပ်မက်ခြင်းသဘော၊
(၂) ဒေါသ- ကြမ်းတမ်း ဖျက်ဆီး ပြစ်မှားခြင်းသဘော၊
(၃) မောဟ-အကြောင်းအကျိုးကို အမှန်မသိ တွေဝေမိန်းမောခြင်းသဘော၊
(၄) မာန- စိတ်ထောင်လွှားတက်ကြွခြင်းသဘော၊
(၅) ဒိဋ္ဌိ- အယူမှားခြင်း၊ အမှားကို သိမြင်စွဲလမ်းခြင်း သဘော၊
(၆) ၀ီစိကိစ္ဆာ- "မယုံ့တယုံ"တွေးတောယုံမှားခြင်းသဘော၊
(၇) ထိန- ကုသိုလ်ထဲ၌ စိတ်မခံ့ခြင်း၊ လျော့ပါးဆုတ်နစ်ခြင်း သဘော၊
(၈) ဥဒ္ဓစ္စ- စိတ်၏ကောင်းမှုမှ ပျံ့လွင့်တုန်လှုပ်ခြင်းသဘော၊
(၉) အဟိရိက- မကောင်းမှုမှ မရှက်ခြင်းသဘော၊
(၁၀) အနောတ္တပ္ပ- မကောင်းမှုမှ မကြောက်မလန့်ခြင်းသဘော။
Wednesday, November 25, 2015
✏ ဘဝတန်ဘိုးအရယူ✏
    ✏ ✏ ✏ ✏ ✏ ✏
ပညာလုပ်သင့်ရာဝယ်၊
SEIZE LIFE 'S VALUE
✏ ✏ ✏ ✏ ✏ ✏ ✏ ✏
Don't  regret the past,
The past has gone.
Future is not sure.
Seize the value of life,
Unicode Version
✏ ✏ ✏ ✏ ✏ ✏
✏ ဘဝတန်ဘိုးအရယူ✏
    ✏ ✏ ✏ ✏ ✏ ✏
❀ အတိတ်ကိုတွေး၊ မဆွေးလေနဲ့၊
အတိတ်ဆိုတာ ပြန်မလာဘူး။
❀ အနာဂတ်မှန်းဆ၊ မလွမ်းတနဲ့၊
အနာဂတ်ဆိုတာ၊ မသေချာဘူး။
❀ ပစ္စုန်ပ္ပန်မှာ၊ လုပ်သင့်ရာဝယ်၊
ပညာလုပ်သင့်ရာဝယ်၊
ပညာလုံ့လ၊ အသုံးချလျှက်၊
ဘဝတန်ဖိုး၊ အားမာန်ကိုး၍၊
မြတ်နိုးကြည်ဖြူ၊ အရယူလော့။
 {ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ}
SEIZE LIFE 'S VALUE
✏ ✏ ✏ ✏ ✏ ✏ ✏ ✏
Don't  regret the past,
The past has gone.
Don't long for the future,
Future is not sure.
Seize the value of life,
Energetically and fondly,
With knowledge and effort,
Doing what should be done at present.
{ Dr.Ashin Nandamãlãbivamsa}
Wednesday, September 9, 2015
ဓမၼေၾကးမံု
 “ဓမၼေၾကးမံု”
*******
သန့်ရှင်း ကြည်လင်၊ ကြေးမုံပြင်ဝယ်၊
သင့်သွင် ရူပ၊ လှ မလှကို၊
နေ့ညမရွေး၊ ကြည့်စစ်ဆေး၍၊
ယင်ချေး မှဲ့ပြောက်၊ ဝက်ခြံပေါက်နှင့်၊
ညှင်းပြောက် တင်းတိတ်၊ ဖုအကျိတ်ကို၊
ဆေးသိပ် ပယ်ရှား၊ ပမာလားသို့၊
မြတ်ဖျား ဗုဒ္ဓ၊ ဟောညွန်ပြသည့်၊
ဓမ္မကြည်လင်၊ ကြေးမုံပြင်ဝယ်၊
သင့်သွင် မန၊ စိတ်အလှကို၊
နေ့ညမရွေး၊ တင်စစ်ဆေးလော့၊
ညစ်ကြေးကိလေ၊ တွေ့ခဲ့ပေသော်၊
ခြောက်ထွေနည်းဖြင့်၊ ပျောက်စေလွင့်မှ၊
မလင့်မကြာ၊ သင့်ခန္ဓာသည်၊
ချမ်းသာဖုံးလိမ့် မှန်စွာတည်း။ ။
(မဟာဂန္ဓာရုံဆရာတော်)
အကျွမ်းမဝင်သင့်တဲ့အရာ ၄ မျိုး
အကျွမ်းမ၀င်သင့်တဲ့အရာ ၄ မျိုး
၁။ အရင်က ပေါင်းဖော်ဖူးခဲ့တဲ့ သူခိုး။ (ကိုယ့်သူငယ်ချင်းဆိုပြီး အကျွမ်းမ၀င်သင့်)
၂။ အရင်က ခင်းအိပ်ခဲ့ဖူးတဲ့ သစ်ခက်။ (အမှိုက်မဖြစ်အောင် မီးရှို့သင့်)
၃။ မိမိကို ချီးမြှောက်ပူဇော်ခဲ့တဲ့ မင်း။ (မိမိကိုချီးမြှောက်ဖူးတဲ့မင်းဆိုပြီး မျက်နှာသာပေးမယ် မထင်နဲ့)
၎။ မိမိအလိုကို လိုက်ခဲ့ဖူးတဲ့ မိန်းမ။ (မိမိအလိုလိုက်တဲ့မိန်းမဆိုပြီး သူသဘောမလိုက်လေနဲ့။)
၁။ မိမိနဲ့ခင်ခဲ့ဖူးတဲ့ သူခိုးဆိုပြီး သူ့အလို မလိုက်နဲ့၊ ကောင်းကျိုးပေးမှာ မဟုတ်ဘူး။
၂။ ငါခင်းအိပ်ခဲ့ဖူးတဲ့သစ်ခက်လေးဆိုပြီး သစ်ခက်ကို ဒီတိုင်းထားလိုက်မယ်ဆိုရင် ကောင်းကျိုးဖြစ်မှာမဟုတ်ဘူး။
၃။ ငါ့ကို ချီးမြှောက်ပေးခဲ့ဖူးတဲ့မင်းပဲဆိုပြီး ငါ့ကိုညှာတာလိမ့်မှာ မဟုတ်ဘူး။
၎။ ငါ့အလိုကိုလိုက်ခဲ့ဖူးတဲ့မိန်းမဆိုပြီး အခွင့်ရမယ်မထင်နဲ့၊ ညှာတာလိမ့်မှာ မဟုတ်ဘူး။ အဓိကကတော့ ငါပိုင်တယ်၊ အေးဆေးပါဆိုတဲ့သဘောမျိုး မလုပ်ဖို့ပါပဲ။ အဲဒီလိုသဘောမျိုးနဲ့ အကျွမ်းဝင်လိုက်ရင် မှားလိမ့်မယ်လို့ ဆိုလိုခြင်းပါ။
အရှင်ကောမလ ဆန်နီနေမင်း
အဋ္ဌာရဿ (၁၈)ရပ်
အဋ္ဌာရဿ (၁၈)ရပ် ဟူသည်
၁။ အကြားအမြင်သုတ အတတ်၊
၂။ ဓမ္မသတ်တတ်ကျွမ်းမှု အတတ်၊
၃။ သချာင်္ဆိုင်ရာ အတတ်၊
၎။ စူး၊ ဆောက် အစရှိသော ဗိသုကာ အတတ်၊
၅။ လောကနီတိ အတတ်၊
၆။ ယတြာ အတတ်၊
၇။ ကဗျာ၊ ဂီတ၊ လင်္ကာ၊ ပညာ အတတ်၊
၈။ လက်ပစ် အတတ်၊
၉။ လေးမြှား အတတ်၊
၁၀။ စကားဟောင်း ရှေးကျမ်းဂန် အတတ်၊
၁၁။ ဆေးပညာ အတတ်၊
၁၂။ ရယ်ရွှင်ဖွယ် အတတ်၊
၁၃။ ဗေဒင် အတတ်၊
၁၄။ လှည့်ပတ်ဖြားယောင်းတတ်သော မာယာ အတတ်၊
၁၅။ ဆန်းကျမ်း အတတ်၊
၁၆။ သံတမာန် အတတ်၊
၁၇။ မန္တန် အတတ်၊
၁၈။ သဒ္ဒါတတ်ကျွမ်းမှု အတတ်။
ဇွဲလုံးလဆိုတာ
   ဇွဲလုံးလဆိုတာ……
* ဇွဲလုံးလဆိုတာ အောင်မြင်မှုရဲ့ အဓိကသော့ချက်ဖြစ်တယ်။
* ဇွဲလုံးလဆိုတာ အရှုံးဆိုတဲ့ အဖျက်ရန်ကို ကာကွယ်ရန် အကောင်းဆုံး လက်နက်ဖြစ်တယ်။
* ဇွဲလုံးလဆိုတာ လူသားတိုင်းအတွက် အကောင်းဆုံးသော အဆောင်တစ်ခုဖြစ်တယ်။
* ဇွဲလုံးလဆိုတာ လိုရာပန်းတိုင်သို့ အရောက်ပို့ပေးမယ့် အကောင်းဆုံး မိတ်ဆွေကောင်းဖြစ်တယ်။
* အစရှိရင် အဆုံးရှိတယ်၊ ဆင်းရဲရှိရင် ချမ်းသာရှိတယ်၊ နေပူရှိရင် အရိပ်ရှိတယ်ဆိုတဲ့စကားကို လက်ကိုင်ထားပြီး ကိုယ်ပြုတဲ့အမှုကိစ္စကို ဇွဲလုံးလကောင်းကောင်းနဲ့ ပြီးဆုံးအောင်လုပ်ကြဖို့ တိုက်တွန်းပါတယ်။   
                                                                     တန့်ဆည်၊ကန်ကလေးကုန်းဆရာတော်ဘဒ္ဒန္တဣန္ဒာသဘ
Monday, September 7, 2015
ငါ့အပြန်လမ်း ခရီးကြမ်း
    ငါ့အပြန်လမ်း ခရီးကြမ်း
သည်မြေဝသုန်၊ နွေအဟုန်လျှင်
ကြွေကုန်ရော်ရွက်၊ ပင်ယံထက်ဝယ်
ကိုင်းခက်ထွေလာ၊ ရိုးကန်သာရှိ
    ဇရာဖိပြီ အလီလီ။
သည်မြေဝသုန်၊ မိုးပဇ္ဇုန်လျှင်
ဖူးငုံဝေစ ၊ ပန်းလှလှနှင့်
စိမ်းမြဝေဆာ၊ မိုးဒေဝါသည်
ခါခါမာန်ဖီ၊ အလီလီ။
သည်မြေဝသုန်၊ ဆောင်းဝတ်မှုန်လျှင်
မွှေးထုံနံ့သင်း၊ မာလာမင်းနှင့်
ငွေနှင်းသဇင်၊ ချစ်ကြွမ်းဝင်ပြီ
ဆောင်ပင်ရာသီ အလီလီ။
တစ်နွေတစ်မိုး၊ တစ်ဆောင်းတိုး၍
သည်ပိုးရရှာ၊ ငါ့ခန္ဓာသည်
ရင့်ကာအိုမှု၊ ဇရာထုကြောင့်
ရုပ်နုကုန်ခမ်း၊ ရောဂါပြွန်းလည်း
တတ်စွမ်းသမျှ၊ ကုခဲ့ရ၏။
အော် _ ဇာတိအစ၊ သန္ဓေရသော်
       ဒုက္ခအလယ်၊ အိုခြင်းနယ်မှ
       ကြောက်ဖွယ်လုံးလုံး၊ နာမဆုံးဘဲ
       နိဂုံးကာလ၊ မရဏဟု
       ငါ့အပြန်လမ်း၊ ခရီးကြမ်းဝယ်
       ဖြတ်သန်းရမှာ ငါသည်သာ။  ။
                                  အဂ္ဂလွင်(မြောင်းမြ)
Monday, August 31, 2015
သီလနှစ်ပါး
သီလ ၂-ပါး။ ။
 (၁) စာရိတ္တ သီလ- ဤအမှုကိစ္စမျိုးကို ပြုကျင့်ရမည်ဟု မြတ်စွာဘုရား ပညတ်ထားသည့်ဆရာ့ဝတ် ရဟန်းဝတ် ဒကာဝတ် စသည့်အပစာယန၊ ဝေယျာဝစ္စ ကုသိုလ်မျိုးကို ဆိုသည်၊ လိုရင်းကား လောက၌ ပြုလုပ်ပေးရမည့် အပြစ်မရှိသော ကိစ္စရပ်များကို ပြုလုပ်ပေးခြင်းအကျင့်သည် မိမိသီလဂုဏ်၌ တိုးတက်ဖြူစင်သော သီလမျိုးဖြစ်၍ စာရိတ္တသီလခေါ်သည် ဟူ၏၊
 (၂) ၀ါရိတ္တ သီလ- ဤအမှုမျိုးကို မပြုလုပ်ရဟု မြတ်စွာဘုရား ပညတ်တော်မူသည့် သိက္ခာပုဒ် ဟူသမျှကို ဘုရားရှင် အလိုတော်ကျအတိုင်း မပြုလုပ်ပဲ စောင့်ထိန်းခြင်းကို ၀ါရိတ္တသီလ ခေါ်သည်။
Tuesday, August 25, 2015
ဗလိ ၅-ပါး
ဗလိ ၅-ဖြာ၊ ရိုသေစွာ၊ လိုက်နာ ပူဇော်ကြ
။ ။ ပဥၥဂုၤတၱရ ။ ပါ။ ၃၉ ။႒။ ၂၂-၌ အကျယ်ရှု။ ချမ်းသာတရား တိုးပွားစည်ပင် အောင်မြင်မှုရရှိရေးအတွက် ပူဇော်ပသမှုမျိုး ၅-ပါး။
(၁) ဥာတိ ဗလိ- မျက်မှောက်ရှိ ကိုယ့်လူမျိုးနှင့် သားချင်းမိတ်ဆွေများအား တတ်နိုင်သမျှကြည့်ရှုမ,စ ပေးကမ်းချီးမြှင့်မှု၊
(၂) အတိထိ ဗလိ- လာရောက်ကြသော ဧည့်သည်များအား ကျွေးမွေးပေးကမ်း လှူဒါန်းစောင့်ရှောက် ပြုစုမှု၊
(၃) ပုဗ္ဗပေတ ဗလိ- ဘ၀တပါး ကွယ်လွန်သွားကြကုန်သော မိဘဆွေမျိုးတို့ကို ရည်စူး၍ ကောင်းမှုကုသိုလ်ပြုလုပ်ကာ အမျှပေးဝေမှု၊
(၄) ရာဇ ဗလိ- ကိုယ့်နိုင်ငံတော် ဘုရင်မင်းမြတ်နှင့် အစိုးရအဖွဲ့က ချမှတ်ပညတ် ပေးထားသော အုပ်ချုပ်မှု နည်းဥပဒေ အရပ်ရပ်တို့ကို ရိုသေလိုက်နာ ကျင့်ကြံမှုနှင့် အခွန်အတုတ်များ ပေးဆက်မှု၊
(၅) ဒေ၀ ဗလိ- လောကပါလ သာသနာတော်စောင့်နတ် စသည်တို့အား ပူဇော်ပသ အမျှပေးဝေမှု။
Monday, August 24, 2015
လူမိုက်ကြီး ၂ ယောက်
လူမိုက်ကြီး ၂-ယောက်
။ ။ အမိုက်တန်ခွန်စိုက်သူ ၂-ယောက် ဟူ၏။
(၁) အစ္စယံအစ္စေယောတိ န ပဿတိ- မိမိ၏ မိုက်ပြစ် အမှား တရားစုကို မိုက်မှားနေမှန်းမသိ မမြင်သူ၊
(၂) ယထာဓမ္ပံ န ပဋိဂ္ဂဏှာတိ- အမှန်တရားကို ပြောကြားညွှန်ပြသော်လည်း မလိုက် မနာယူသူ။
Sunday, August 23, 2015
စိတ်ဓာတ်အားနည်းခြင်းအကြောင်းတရား ၂၅-ပါး
စိတ်ဓါတ်အားနည်းခြင်း အကြောင်းတရား ၂၅-ပါး
။ ။ ကောင်းမှုကောင်းရာတို့ဘက်၌ စိတ်အားလျော့မှုများ၂၅ပါး။
၁ ကောဓ- အမျက်ထွက်ခြင်း၊
၂ ဥပနာဟ- ရန်ငြိုးဖွဲ့ခြင်း၊
၃ မက္ခ- ကျေးဇူးမဲ့ပြုခြင်း၊
၎ ပလာသ-တုပြိုင်ခြင်း၊
၅ ဣဿာ- ငြူစူခြင်း၊
၆ မစ္ဆရိယ- ၀န်တိုခြင်း၊
၇ မာယာ- လှည့်ပတ်ခြင်း၊
၈ သာထေယျ-စဉ်းလဲခြင်း၊
၉ ထမ္ဘ- မိုက်မဲခိုင်ခံ့ခြင်း၊
၁၀ သာရမ္ဘ- သူ့သီလကိုဖျက်ဆီးခြင်း၊
၁၁ မာန- စိတ်ကြီးဝင်ခြင်း၊
၁၂ အတိမာန-အလွန်အမင်းစိတ်ကြီးဝင်ခြင်း၊
၁၃ မဒ-မာန်ဖြင့်ယစ်ခြင်း၊
၁၄ ပမာဒ- မေ့လျော့ခြင်း၊
၁၅ ထိန- စိတ်၏လျော့ကျခြင်း၊
၁၆ မိဒ္ဓ- ငိုက်မြည်းခြင်း၊
၁၇ အာလသျှ- ပျင်းရိခြင်း၊
၁၈ ပါပမိတ္တတာ-ခင်ပွန်းယုတ်နှင့်ပေါင်းဖေါ်ခြင်း၊
၁၉ ရူပ- အဆင်း၌တပ်မက်လွန်းခြင်း၊
၂၀ သဒ္ဒ- အသံ၌ တပ်မက်လွန်းခြင်း၊
၂၁ ဂန္ဓ- အနံ့၌ တပ်မက်လွန်းခြင်း၊
၂၂ ရသ- အရသာ၌ တပ်မက်လွန်းခြင်း၊
၂၃ ဖောဋ္ဌဗ္ဗ- အတွေ့၌ တပ်မက်လွန်းခြင်း၊
၂၄ ခုဒ္ဒပိပါသ- ဆာလောင်မွတ်သိပ်ခြင်း၊
၂၅ အရတိ- တရား၌ မမွေ့လျော်ခြင်း။
Thursday, August 20, 2015
တော်ဖြောင့်ရခြင်း ၆-ပါး
တော်ဖြောင့်ရခြင်း ၆-ပါး
။ ။ လူတိုင်း အစဉ်လိုက်နာပြုကျင့်ရခြင်းအကြောင်း ၆-ပါးဟူလို။
(၁) ကတညူ- သူပြုဘူးသောကျေးဇူးကို သိရ ဆပ်ရခြင်း၊
(၂) ကတ ဝေဒိ- သူ့ကျေးဇူးကို ဖေါ်ထုတ်>မက်ဆို ချီးကျူးရခြင်း၊
(၃) ဒဠှတ္ထိ မိမိဆိုသောစကားကို မြဲမြံတည်ကြည်စွာရှိအောင် ပြုရခြင်း၊
(၄) ဒုက္ခံ- သူ့ဆင်းရဲမှုကို ကိုယ့်ဆင်းရဲကဲ့သို့ မှတ်ထင်ရခြင်း၊
(၅) ကလျာဏမိတ္တ ဗန္ဓ- အဆွေခင်ပွန်းကောင်းနှင့် မိတ်ဆက်ပြုဖွဲ့ရခြင်း၊
(၆) မိတ္တသံသဂ္ဂ ပေါင်းသင်းဆက်ဆံပြီးမိတ်ဆွေကောင်းတို့အား မပြစ်မှားရခြင်း၊ အစဉ်ပေါင်းရခြင်း။
Monday, August 17, 2015
အလိုလိုက်ရာသည် ၁၃-ပါး။ ။
ကိုယ်ကျိုးတိုးတက်ရေးအတွက် သူ့အလိုသို့လိုက်၍ ကျင့်ရခြင်း ၁၃-ပါးဟူ၏၊ စာဏကျမှ။
(၁) အဆွေခင်ပွန်းကို နှလုံးဖြောင့်မတ်သဖြင့်လည်းကောင်း၊
(၂) ရန်သူကို ဥပါယ်တံမျဉ်ဖြင့်လည်းကောင်း၊
(၃) အလိုရမ္မက်ကြီးသူကို ဥစ္စာပေးသဖြင့်လည်းကောင်း၊
(၄) အစိုးရသူကို သူ့အမှုကိစ္စဆောင်ရွက်ပေးသဖြင့်လည်းကောင်း၊
(၅) ရသေ့ ရဟန်းတို့ကို ရိုသေသဖြင့်လည်းကောင်း၊
(၆) သတို့သမီးကိုချစ်ခြင်းဖြင့်လည်းကောင်း၊
(၇) လက်အောက်ငယ်သားကို မျှတမှုဂုဏ်ကျေးဇူးဖြင့်လည်းကောင်း၊
(၈) ဒေါသမျက်မာန်ကြီးသူကို ချီးမွမ်းခြင်းဖြင့်လည်းကောင်း၊
(၉) ဆရာကို ရှိခိုးရိုသေခြင်းဖြင့်လည်းကောင်း၊
(၁၀) သူမိုက်ကို လိုက်လျောသောစကားဖြင့်လည်းကောင်း၊
(၁၁) ပညာရှိကို အတတ်ပညာပေးခြင်းဖြင့်လည်းကောင်း၊
(၁၂) အစားကြူးသူကို အရသာပေးခြင်းဖြင့်လည်းကောင်း၊
(၁၃) အလုံးစုံသောသူကိုအကျင့်သီလဖြင့်လည်းကောင်း အလိုလိုက်ရာ၏။
Wednesday, August 12, 2015
အပါယ်လားကြောင်းအလှူမျိုး ၁၀-ပါး
အပါယ်လားကြောင်းအလှူမျိုး ၁၀-ပါး။ ။ မိလိန္ဒပဥှာ။ ပါ။ ၂၂၇။ အဒါန၀တ္ထုခေါ် မပေးလှူကောင်းသော အလှူဆယ်ပါး၊ ပေးလှူသော်အပါယ်ကျတတ်၏၊ (မိလိန္ဒ)
(၁) သမဇ္ဇဒါန- ကချေအလှူ၊ အငြိမ့်ဇာတ်ပွဲ၊
(၂) မဇ္ဇဒါန- သေရည်အရက်အလှူ၊
(၃) ဣတ္ထိဒါန- မိန်းမအလှူ၊
(၄) ဥသဘ ဒါန- နွားလား မြင်းလားအလှူ၊
(၅) စိတ္တကမ္မ ဒါန- ကာမဂုဏ်ကိုဆွပေးသော ပန်းချီဆေးရေးအလှူ၊
(၆) သတ္ထ ဒါန- လက်နက်ခဲယမ်းမီးကျောက်အလှူ၊
(၇) ၀ိသ ဒါန-အဆိပ်အလှူ (သတ္တ၀ါတို့ပျက်စီးစေရန်၊)
(၈) သင်္ခလိက ဒါန-လက်ထိပ် သံခြေချင်း နှောင်ကြိုးအလှူ၊
(၉) ကုက္ကဋ သူကရ ဒါန- ကြက် ၀က် သားကောင်အလှူ၊
(၁၀) တုလာကူဋ မာနကူဋ ဒါန- ချိန်စဉ်းလဲç တင်းစဉ်းလဲ အလှူ။
Tuesday, August 11, 2015
ဆိတ်မ-ဆိတ်ဖို
မိုက်အားသန်လှ၊ ထိုမိန်းမတို့
ဆန္ဒအလို၊ တိုက်တွန်းဆိုလည်း
သားညိုလိမ္မာ၊ မလိုက်နာလင့်။
ကြီးစွာမောဟ၊ တပ်လောဘနှင့်
မိန်းမဟူသည်၊ တိုရှည်မသိ
အလိုရှိတိုင်း၊ ထင်မိထင်ရာ
ပြုတတ်စွာ၏။
ရှေးခါသော်က၊ ဆိတ်မ တစ်ကောင်
သီခေါင်နရက်၊ ရေတွင်းနက်၌
မြက်နုကိုမြင်၊ စားလိုချင်ဟု
လင်ဆိတ်ဖိုအား၊ ကြားလတ်သောခါ--
"နင်းရာမလှ၊ စောက်ထိုးကြ၍
သေရမည်ငါ၊ မရသာခဲ့
သက်လျှာနှမ၊ မတောင်းတနှင့်"
ဆိုထလတ်သော်၊
"သြော်မြက်နုကို၊ မရဆိုလျှင်
မယ့်ကိုယ်ခုသည်၊ သေတော့မည်"-ဟု
ဆိုမြည်ချက်ခြင်း၊ မြေမှာစင်း၍
အတင်းသေလု၊ လူးလည်းပြုက--
"မယ်ပုချစ်ဆွေ၊ သည်မောင်သေလျှင်
သက်ဝေစင်စစ်၊ ဆိတ်လင်သစ်နှင့်
ပျော်ရစ်မည်ကာ၊ ကျွန်ုပ်ငါလည်း
မယ်သာသေက၊ ဆိတ်မကလေး
လှယဉ်ကျေးနှင့်၊ ချစ်ကြွေးချကာ
နေတော့ပါအံ့၊ ဤခန္ဓာကိုယ်
အသက်ကိုကား၊ ဖြစ်လို-ဖြစ်စေ
မသေဝံ့ပါ၊ မပဇာ"-ဟု
ဆိုခါသော်မှ၊ ချမ်းသာရ၏။(၃၀၉)
Monday, August 10, 2015
ဗုဒ္ဓအပြား ၄ ပါး
ဗုဒ္ဓအပြား မျိုး ၄-ပါး
သဂါထာဝဂ္ဂသံယုတ် အဋ္ဌကထာ ၂၄။ တတ်သိလိမ်မာ သူကြီး ၄-ယောက်ဟူ၏။
(၁) သုတ ဗုဒ္ဓ- အကြားအမြင်များ၍ ကျမ်းဂန်၌ လိမ်မာသောသူ၊
(၂) စတု သစ္စ ဗုဒ္ဓ- သစ္စာ လေးပါးကို သိပြီးသော ရဟန္တာပုဂ္ဂိုလ်၊
(၃) ပစ္စေက ဗုဒ္ဓ- သူများကို မသိစေနိုင်, မိမိတကိုယ်တည်းသာ ဆရာမရှိ သစ္စာလေးပါးကို သိတော်မူသော သီးခြားသိပုဂ္ဂိုလ် ဘုရားငယ်၊
(၄) သမ္မာသမ္ဗုဒ္ဓ- အလုံးစုံ သိတော်မူပြီးသည့် အတုမရှိသော ဘုရားသခင် မြတ်ရှင်ပင်။
Wednesday, July 29, 2015
ကြီးပွားတိုးတက်ကြောင်း
ကီးပွားတိုးတက်ကြောင်းတရား ၇-ပါး။ ။ ကြီးပွားကျော်ကြားစေလိုသူတိုင်း လိုက်နာကျင့်သုံးရမည့်တရား ၇- ပါး။ သမ္ပဒါပုဒ်အဖွင့်မှ။
(၁) ဥဋ္ဌာနတော- မပျင်းမရိ လုံ့လရှိသူ၊
(၂) သတိမတော- သတိသမ္ပဇဉ်ရှိသူ၊
(၃) သုစိ ကမ္ပဿ- လုပ်ငန်း၌ သန့်ရှင်းသပ်ယပ် ကောင်းမွန်သူ၊
(၄) နိသမ္မ ကာရိနော- စူးစမ်းဆင်ခြင် ပြီးမှ အလုပ်လုပ်သူ၊
(၅) သည တဿ- ကိုယ်နှုတ်စိတ်တို့ကို နိုင်နင်းစွာစောင့်ထိန်းနိုင်သူ၊
(၆) ဓမ္မဇီဝိနော-တရားသောနည်းလမ်းဖြင့် အသက်မွေးသူ၊
(၇) အပ္ပမတ္တဿ- ကုသိုလ်တရား၌ မမေ့လျော့သောသူ။
Tuesday, July 28, 2015
အသင်းအဖွဲ့များ ပျက်စီးကြောင်းတရား
အသင်းအဖွဲ့များ ပျက်စီးကြောင်းတရား ၃-ပါး။ ။
(၁) ဗဟုနေတ္တာရ- လမ်းပြနည်းညွှန် အမွန်ဦးစီး အကြီးအမှူးလုပ်လိုသူတို့ ပေါများခြင်း၊
(၂) သဗ္ဗ ပဏ္ဍိတမာနီ- သင်းသားအားလုံး ကိုယ့်ကိုယ်ကိုပညာရှိဟုသာထင်မှတ်လျက် ဘ၀င်မြင့်နေကြခြင်း။
(၃) ဗဟု မဟိစ္ဆာ- ရာထူးမက်မောသူတွေ ပေါများနေခြင်း။
ပျော်ရွှင်ပါစေ သူငယ်ချင်း
Saturday, July 25, 2015
ကြံ့ခိုင်တဲ့စိတ်ထား
မြတ်စွာဘုရားက စဉ်းစားတဲ့။တစ်စုံတစ်ခု အောင်မြင်မှုကို ရလာလို့ရှိရင်လည်း
“ သြော် ဒီရတယ်ဆိုတာ မြဲတဲ့အရာ မဟုတ်ဘူး။ တစ်ခဏလေးသာဖြစ်တယ်။ ပြောင်းလဲသွားနိုင်တယ်။
အခြေအနေတစ်ခု ပျက်စီးသွားနိုင်တယ်။ ငါဘာလုပ်သင့်သလဲ?။ လုပ်သင့်တဲ့အလုပ်လုပ်မှပဲ။
ရလာတာ အတွက် ငါဘယ်လိုအကျိုးရှိအောင် ငါဘယ်လို အသုံးချမလဲ?”ဟောဒီလိုစဉ်းစားပါတဲ့။
“မရဘူး”ဆိုလို့ရှိရင်လည်း ဒီလိုပဲစဉ်းစားရမယ်။ အေး “မရဘူးဆိုတာလည်း တစ်ခဏပဲ။
အခြေအနေ မပေးသေးလို့မရတာ။အခြေအနေပေးလာရင် ရမှာပေါ့။
မရလို့ ရှိရင် ရှိတာနဲ့ ငါရောင့်ရဲရမယ်။ထပ်ပြီးတော့ ကြိုးစားရမယ်။
မရဘူးဆိုတာလည်း နိစ္စ-ထာဝရမဟုတ်ဘူး။ အနိစ္စ-တစ်ခဏမျှသာ ဖြစ်တယ်။ မမြဲတဲ့ သဘောပဲ။
တစ်ချိန်ကျတော့ ပြောင်းလဲလာဦးမှာပဲ” ဆိုပြီးတော့ ကိုယ့်စိတ်ကလေးကို ကိုယ်ပြန်ထိန်းတဲ့။
အဲဒီလိုစဉ်းစားရင် ရလာတာကို အကြောင်းပြုပြီးတော့လည်း မာန်မာနတွေ မဖြစ်ဘူး။
စိတ်ဓါတ်တွေ မတက်ကြွဘူး။ မရတာကိုအကြောင်းပြုပြီးတော့ စိတ်ဓါတ်တွေမကျဘူး။
Depression မဖြစ်ဘူးပေါ့ နော်။ အဲဒါကို “ကြံ့ခိုင်တဲ့စိတ်ထား”လို့ပြောတာ။
ဒီစိတ်ထားမျိုးက သူ့ဖာသာသူ အလိုလိုတော့ ဖြစ်လာမှာတော့ မဟုတ်ဘူး။
ကိုယ်ကိုယ်တိုင်က လေ့ကျင့်ရမယ်။မြတ်စွာဘုရားက “ဒီလိုစဉ်းစား”လို့
စဉ်းစားနည်းကိုပြောတာ။ ဒါ ဒီသုတ္တန်မှာ တစ်ခု ဟောထားတာနော်။ ဒီလိုစဉ်းစားပါလို့။
-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ】
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်း အချက် ၃၀
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အချက် ၃၀။
အပိုဒ် ၁- လူတိုင်းသည်တူညီလွတ်လပ်သောဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများ ဖြင့်လည်းကောင်း မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ် သောဥာဏ်နှင့် ကျင့်ဝတ် သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်းမေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်သည်။
အပိုဒ် ၂- လူတိုင်းသည် လူ့အခွင့်အရေးကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေး အားလုံး၊ လွတ်လပ်ခွင့် အားလုံးတို့ကို ပိုင်ဆိုင်ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ ကျား၊ မ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကားအားဖြင့်ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာအားဖြင့်ဖြစ်စေ၊ နိုင်ငံ ရေးယူဆချက် သို့တည်းမဟုတ် အခြားယူဆချက် အားဖြင့်ဖြစ်စေ၊ နိုင်ငံနှင့်ဆိုင်သော သို့တည်းမဟုတ် လူ နေမှုအဆင့်အတန်းနှင့်ဆိုင်သောဇစ်မြစ်အားဖြင့် ဖြစ်စေ၊ ပစ္စည်းဥစ္စာဂုဏ်အားဖြင့်ဖြစ်စေ၊ အခြားအဆင့် အတန်းအားဖြင့်ဖြစ်စေ ခွဲခြားခြင်းမရှိစေရ။ ထို့ပြင် လူတစ်ဦးတစ်ယောက်နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေး ဆိုင်ရာဖြစ်စေ၊ စီရင်ပိုင်ခွင့်ဆိုင်ရာဖြစ်စေ၊ တိုင်းပြည်အချင်းချင်းဆိုင်ရာဖြစ်စေ၊ အဆင့်အတန်း တစ်ခုခုကို အခြေပြု ၍သော်လည်းကောင်း၊ ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နယ်မြေ သို့ တည်းမဟုတ် ကုလသမဂ္ဂမှထိန်းသိမ်စောင့်ရှောက်ထားရသည့်နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်အာဏာတို့ကို တစိတ်တဒေသလောက်သာရရှိသည့်နယ်မြေ စသည်ဖြင့် ယင်းသို့သော နယ်မြေများ ဖြစ်သည်၊ မဖြစ်သည်ဟူသောအကြောင်းကိုအထောက်အထား ပြု၍သော်လည်းကောင်း ခွဲခြားခြင်းလုံးဝ မရှိစေရ။
အပိုဒ် ၃- လူတိုင်း၌ အသက်ရှင်ရန် လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်။
အပိုဒ် ၄- မည်သူ့ကိုမျှ ကျေးကျွန်အဖြစ် သို့တည်းမဟုတ် အစေအပါးအဖြစ် နိုင်ထက်စီးနင်း ခိုင်းစေခြင်း မပြုရ၊ လူ ကို ကျွန်သဖွယ် အဓမ္မခိုင်းစေခြင်း၊ အရောင်းအ၀ယ်ပြုခြင်းနှင့် ထိုသဘော သက်ရောက်သော လုပ်ငန်းဟူသမျှကို ပိတ်ပင်တားမြစ်ရမည်။
အပိုဒ် ၅- မည်သူ့ကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှုမပြုရ။ သို့တည်းမဟုတ် အပြစ်ဒဏ်ပေးခြင်းမပြုရ။
အပိုဒ် ၆- လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ်္ဂိုလ်တစ်ဦးအဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ် ပြုခြင်းကို ခံယူပိုင်ခွင့်ရှိသည်။
အပိုဒ် ၇- လူအားလုံးတို့သည် ဥပဒေအရာ၌တူညီကြသည့်အပြင်၊ ဥပဒေ၏အကာအကွယ်ကို ခြားနားခြင်းမခံရစေပဲ တူညီစွာခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာစာတမ်းပါ သဘောတရား များကိုဖီဆန်၍ ခွဲခြားခြင်းမှလည်း ကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှုံ့ဆော်ခြင်းမှလည်းကောင်း ကင်းလွတ်စေရန် အကာအကွယ်ကို တူညီစွာခံစားပိုင်ခွင့်ရှိသည်။
အပိုဒ် ၈- ဖွဲ့စည်းပုံအခြေခံဥပဒေကသော်လည်းကောင်၊ အခြားဥပဒေကသော်လည်းကောင်း လူတိုင်းအတွက်ပေး ထားသည့် အခြေခံအခွင့်အရေးများသည် ချိုးဖောက်ခံခဲ့ရလျှင် ထိုသို့ချိုးဖောက် ဖျက်ဆီးသောပြုလုပ်မှုကြောင့်ဖြစ်ပေါ်လာသော နစ်နာချက်အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင် ထိရောက်စွာ သက်သာခွင့်ရနိုင်စေရမည်။
အပိုဒ် ၉- မည်သူမျှ ဥပဒေအရမဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။
အပိုဒ် ၁၀- အခွင့်အရေးများနှင့် တာဝန်ဝတ်္တရားများကို အဆုံးအဖြတ်ခံရာတွင်လည်းကောင်း၊ ပြစ်မှုကြောင့် တရားစွဲ ဆိုစီရင်ဆုံးဖြတ်ခံရာတွင်လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ဘက်မလိုက် သော တရားရုံးတော်၏ လူအများရှေ့မှောက်တွင် မျှတစွာကြားနာစစ်ဆေးခြင်းကို တူညီစွာခံစား ပိုင်ခွင့်ရှိသည်။
အပိုဒ် ၁၁- (၁) လူအများရှေ့မှောက်၌ ဥပဒေအတိုင်းစစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှားစီရင်ခြင်းခံရ သည့်အချိန်အထိ ပြစ်မှုနှင့်တရားစွဲဆိုခြင်းခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆခြင်းခံထိုက်သည့် အခွင့် အရေးရှိသည်။ ထိုအမှုကိုကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့် ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ် သောအခွင့်အရေးများကို ထိုသူအားပေးပြီးဖြစ်စေရမည်။ (၂) လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရဖြစ်စေ၊ ပြစ်မှု မမြောက်သောလုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအရ ဆွဲဆိုအပြစ်ပေးခြင်း မပြုရ။ ထို့အပြင် ပြစ်မှုကျူးလွန် စဉ်အခါက ထိုက်သင့်စေနိုင်သောအပြစ်ဒဏ်ထက်ပိုမိုကြီးမားသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်းမရှိစေရ။
အပိုဒ် ၁၂- မည်သူမျှမိမိသဘောအတိုင်းအေးချမ်းလွတ်လပ်စွာနေထိုင်ခြင်းကိုသော်လည်း ကောင်း၊ မိမိ၏မိသားစုကို သော်လည်းကောင်း၊ မိမိ၏နေအိမ်အသိုက်အ၀န်းကိုသော်လည်းကောင်း၊ စာပေးစာယူကိုသော်လည်း ကောင်း၊ ဥပဒေအရမဟုတ်သော ၀င်ရောက်စွက်ဖက်ခြင်း မခံစေရ။ ထို့ပြင် မိမိ၏ဂုဏ်သိက္ခာကိုလည်း အထက်ပါအတိုင်း ပုတ်ခတ်ခြင်းမခံစေရ။ လူတိုင်းတွင်ထိုသို့ဝင်ရောက် စွက်ဖက်ခြင်းမှသော်လည်း ကောင်း၊ ပုတ်ခတ်ခြင်းမှသော်လည်းကောင်း ဥပဒေအရကာကွယ်ပိုင်ခွင့်ရှိသည်။
အပိုဒ် ၁၃- (၁) လူတိုင်းတွင် မိမိနိုင်ငံနယ်နိမိတ်အတွင်း၍လွတ်လပ်စွာသွားလာရွှေ့ပြောင်းနိုင်ခွင့်၊ နေထိုင်ခွင့်ရှိ သည်။ (၂) လူတိုင်းတွင် မိမိနေထိုင်ရာတိုင်းပြည်မှလည်းကောင်း၊ အခြားတိုင်းပြည်မှ လည်းကောင်း ထွက်ခွာ သွားပိုင်ခွင့်ရှိသည့်အပြင် မိမိတိုင်းပြည်သို့ပြန်လာပိုင်ခွင့်လည်းရှိသည်။
အပိုဒ် ၁၄- (၁) လူတိုင်းညှင်းပန်းနှိပ်စက်ခံနေရခြင်းမှလွတ်ကင်းရန် အခြားတိုင်းပြည်များ၌ အေးချမ်းစွာခိုလှုံနေ နိုင်ခွင့်ရှိသည်။ (၂) နိုင်ငံရေးနှင့်မပတ်သက်သည့် ပြစ်မှုများမှသော်လည်းကောင်း၊ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်နှင့် သဘောတရားမူများကိုဖီဆန်သော အမှုများမှသော်လည်းကောင်း၊အမှန်ပေါ်ပေါက်လာသောပြစ်မှုကြောင့် တရားစွဲဆိုခြင်းခံရသည့် အမှုအခင်းများတွင် အထက်ပါအခွင့်အရေးကို အသုံးမပြုနိုင်စေရ။
အပိုဒ် ၁၅- (၁) လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။ (၂) ဥပဒေအရမဟုတ်လျှင် မည်သူုမျှ မိမိ၏နိုင်ငံသားအဖြစ်ကိုစွန့်လွှတ်ခြင်းမခံစေရ။ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်းမခံစေရ။
အပိုဒ် ၁၆- (၁) အရွယ်ရောက်ပြီးသော ယောက်ျားနှင့်မိန်းမတို့တွင် လူမျိုးကိုသော်လည်းကောင်း၊ နိုင်ငံသားအဖြစ် ကိုသော်လည်းကောင်း၊ ကိုးကွယ်သည့်ဘာသာကိုသော်လည်းကောင်း အကြောင်းပြု၍ ကန့်သတ်ခြင်းမရှိ ဘဲ ထိမ်မြားနိုင်ခွင့်နှင့် မိသားစုထူထောင်ခွင့်ရှိသည်။ အဆိုပါ ယောက်ျားနှင့်မိန်းမတို့သည် လင်မယားအဖြစ်ပေါင်းသင်းနေစဉ်အချိန်အတွင်း၌သော်လည်းကောင်း၊ အိမ်ထောင်ကိုဖျက်သိမ်း၍ ကွာရှင်းကြသည့် အခါ၌သော်လည်းကောင်း၊ လက်ထပ်ပေါင်းသင်း အိမ်ထောင်ပြုခြင်းနှင့်စပ်လျဉ်းသော တူညီသည့်အခွင့်အရေးများကို ရရှိထိုက်သည်။ (၂) သတို့သားနှင့်သတို့သမီး နှစ်ဦးနှစ်ဖက်၏ လွတ်လပ်သောသဘောဆန်္ဒရှိ မှသာလျှင် လက်ထပ် ထိမ်းမြားခြင်းကိုပြုရမည်။ (၃) မိသားစုတခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တရပ်ဖြစ်သည်။ ထိုမိသားစုသည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကိုခံယူခွင့်ရှိသည်။
အပိုဒ် ၁၇- လူတိုင်းတွင် မိမိတစ်ဦးချင်းသော်လည်းကောင်း၊ အခြားသူများနှင့်ဖက်စပ်၍ သော်လည်းကောင်း၊ ပစ္စည်းဥစ္စာတို့ကိုပိုင်ဆိုင်ရန် အခွင့်အရေးရှိရမည်။ ဥပဒေအရမဟုတ်လျှင်မည်သူမျှ မိမိ၏ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခြင်းမခံစေရ။
အပိုဒ် ၁၈- လူတိုင်းတွင် လွတ်လပ်စွာတွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့်နှင့် လွတ်လပ်စွာသက်ဝင်ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများ၌ မိမိကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာပြောင်းလဲနိုင်ခွင့်ပါဝင်သည့် အပြင် မိမိတစ်ယောက်ချင်းဖြစ်စေ၊ အခြားသူများနှင့်စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများရှေ့မှောက် တွင်သော်လည်းကောင်း၊ ရှေ့မှောက်တွင်မဟုတ် ဘဲသော်လည်းကောင်း၊ မိမိကိုးကွယ်သော ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ် လပ်စွာသင်ပြနိုင်ခွင့်၊ ၀တ်ပြုကိုးကွယ် နိုင်ခွင့်နှင့် ဆောက်တည်နိုင်ခွင့်တို့လည်း ပါဝင်သည်။
အပိုဒ် ၁၉- လူတိုင်းသည် လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာဖွင့်ဟပြောပြနိုင်ခွင့် ရှိသည်။ အဆိုပါအခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင်၊ နိုင်ငံနယ် နိမိတ်များကိုထောက်ထားရန်မလိုဘဲသတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချီခွင့်တို့လည်း ပါဝင်သည်။
အပိုဒ် ၂၀- (၁) လူတိုင်းတွင် လွတ်လပ်အေးချမ်းစွာစုဝေးနိုင်ခွင့်နှင့် ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။ (၂) မည်သူ့ကိုမျှ အဖွဲ့အစည်းတစ်ခုသို့ဝင်စေရန် အတင်းအကျပ်မပြုရ။
အပိုဒ် ၂၁- (၁) လူတိုင်းတွင် မိမိနိုင်ငံ၏အုပ်ချုပ်ရေး၌ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ် လိုက်သည့်ကိုယ်စား လှယ်များမှတစ်ဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။ (၂) လူတိုင်းတွင် မိမိနိုင်ငံရှိ ပြည်သူ့ဝန်ထမ်းအဖွဲ့၌၀င်ရောက်နိုင်ရန် တူညီသည့် အခွင့်အရေးရှိသည်။ (၃) ပြည်သူပြည်သားတို့၏ဆန္ဒသည် အုပ်ချုပ်ရေးအာဏာ၏ အခြေခံဖြစ်ရမည်။ အဆိုပါဆန္ဒကို အချိန်ကာလပိုင်းခြားလျက် စစ်မှန်သောရွေးကောက်ပွဲများဖြင့် ထင်ရှားစေရမည်။ ရွေးကောက်ပွဲများတွင် လည်း လူတိုင်းအညီအမျှ ဆန္ဒမဲပေးပိုင်ခွင့်ရှိရမည့်အပြင်၊ ထိုရွေးကောက်ပွဲ များကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ဖြစ်စေ၊ အလားတူလွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ ကျင်းပရမည်။
အပိုဒ် ၂၂- လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှုရေးလုံခြုံခွင့်ရယူ ပိုင်ခွင့်ရှိသည့်အပြင် နိုင်ငံရေးကြိုးပမ်းမှုဖြင့်ဖြစ်စေ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊ နိုင်ငံအသီးသီး၏ဖွဲ့စည်းပုံနှင့် လည်းကောင်း၊ သယံဇာတအင်အားနှင့်လည်းကောင်း ထိုသူ၏ ဂုဏ်သိက္ခာနှင့်စရိုက်လက္ခဏာ လွတ်လပ်စွာတိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများကို သုံးစွဲပိုင်ခွင့်ရှိသည်။
အပိုဒ် ၂၃- (၁) လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှု အလုပ်အကိုင်ကို လွတ်လပ်စွာရွေးချယ်ရန်လည်းကောင်း၊ တရားမျှတ၍လုပ်ပျော်သောအလုပ်ခွင်၏ အခြေအနေကိုရရှိရန်လည်းကောင်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန်လည်းကောင်း အခွင့်အရေးရှိသည်။ (၂) လူတိုင်းတွင် ခွဲခြားခြင်းမခံရစေဘဲ တူညီသောအလုပ်အတွက် တူညီသော အခကြေးငွေ ရနိုင်ခွင့် ရှိသည်။ (၃) အလုပ်လုပ်ကိုင်သည့်လူတိုင်းတွင် မိမိနှင့် မိမိ၏မိသားစုအတွက် လူ့ဂုဏ်သိက္ခာ နှင့်ညီအောင် နေထိုင်စားသောက်နိုင်ရန် စိတ်ချလောက်သည့်အပြင် တရားမျှတ၍ လုပ်ပျော်သည့် လစာကြေးငွေ ရပိုင်ခွင့် ရှိသည်။ လိုအပ်ခဲ့လျှင် အခြားနည်းလမ်းများမှလူမှုရေးအထောက်အပံ့ ကိုလည်း ထပ်မံ၍ ရနိုင်ခွင့်ရှိသည်။ (၄) လူတိုင်းအတွက် မိမိအကျိုးခံစားခွင့်ကိုကာကွယ်ရန် အလုပ်သမားအစည်းအရုံးများဖွဲ့စည်းခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် ရှိသည်။
အပိုဒ် ၂၄- လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန်အပြင် လစာနှင့်တကွ အခါအား လျော်စွာ သတ်မှတ်ထားသည့် အလုပ်အားလပ်ရက်များပါဝင်သည့် အနားယူခွင့်နှင့် အားလပ်ခွင့်ကို ခံစားပိုင်ခွင့်ရှိသည်။
အပိုဒ် ၂၅- (၁) လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏မိသားစု ကျန်းမာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ နေ ထိုင်နိုင်ရေးအတွက် အစာအဟာရ၊ အ၀တ်အထည်၊ နေအိမ်၊ ဆေးဝါး အကူအညီ နှင့် လိုအပ်သည့် လူမှု အထောက်အပံ့များပါဝင်သော သင့်တော်လျှောက်ပတ်သည့်လူမှုအဆင့် အတန်းကို ရယူခံစားခွင့်ရှိသည်။ ထို့ပြင် အလုပ်လက်မဲ့ဖြစ်သောအခါ၌ သော်လည်းကောင်း၊ မကျန်းမမာဖြစ်သောအခါ၌ သော်လည်းကောင်း၊ ကိုယ်အင်္ဂါ မစွမ်းမသန်ဖြစ်သောအခါ၌ သော်လည်းကောင်း၊ မုဆိုးမဖြစ်သောအခါ၌ သော်လည်းကောင်း၊ အသက်အရွယ်အိုမင်းသော အခါ၌ သော်လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သော အကြောင်းကြောင့် ၀မ်းစာရှာမှီး နိုင်သော နည်းလမ်းမရှိသောအခါ၌ သော်လည်းကောင်း နေထိုင်စား သောက်ရေးအတွက် လုံခြုံစိတ်ချရမှု အခွင့်အရေးရှိသည်။ (၂) သားသည်မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကူအညီ ပေးခြင်းကို ရခွင့်ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေမွေးဖွားသော ကလေးအားလုံး သည် တူညီသောလူမှုကာကွယ်စောင့်ရှောက်ရေးကို ရယူခံစားကြရမည်။
အပိုဒ် ၂၆- (၁) လူတိုင်းသည် ပညာသင်ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံး မူလတန်းနှင့်အခြေခံ အဆင့်အတန်းများ တွင် ပညာသင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရပညာရေးဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှုပညာများကို ယေဘုယျအားဖြင့် သင်ကြားရယူနိုင်စေရမည်။ ထို့ပြင် အထက်တန်းပညာအတွက် အရည်အချင်းကိုအခြေခံပြု၍ တူညီသောအခွင့်အရေး ရရှိစေရမည်။ (၂) ပညာသင်ကြားရေးကို လူသားတို့၏စရိုက်လက္ခဏာအပြည့်အ၀တိုးတက်မှု အပြင်၊ လူ့အခွင့်အရေး နှင့် အခြေခံလွတ်လပ်ခွင့်၊ ရိုသေလေးစားမှုတို့ကို ရှင်သန်ဖွံ့ဖြိုးလာ စေရန်ရည်ရွယ်၍ သင်ကြားစေရမည်။ ပညာသင်ကြားရေးသည်နိုင်ငံအားလုံးတို့တွင်လည်းကောင်း၊ လူမျိုးစုများတွင်လည်းကောင်း၊ ဘာသာရေး အသင်းအဖွဲ့များတွင်လည်းကောင်း၊ အချင်းချင်း နားလည်မှု၊ သည်းခံမှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို အားပေးရမည်။ ထို့ပြင် ငြိမ်းချမ်းရေးတည်တံ့အောင် ဆောင်ရွက်ရန်အလို့ငှါ ကုလသမဂ္ဂ၏ဆောင်ရွက်မှုများကိုလည်း ဖြစ်မြောက်အောင်အားပေးရမည်။ (၃) မိဘတို့တွင် မိမိတို့၏ကလေးများသင်ယူရမည့် ပညာအမျိုးအစားကို ရွေးချယ်နိုင်သော လက်ဦးအခွင့်အရေးရှိသည်။
အပိုဒ် ၂၇- (၁) လူတိုင်းတွင် သက်ဆိုင်ရာယဉ်ကျေးမှုလောက၌ လွတ်လပ်စွာပါဝင်ဆောင်ရွက် နိုင်ခွင့် သုခုမပညာ ရပ်များကို လွတ်လပ်စွာ လိုက်စားမွေ့လျော်နိုင်ခွင့်၊ သိပ္ပံပညာထွန်းကားရေး လုပ်ငန်းများတွင် လွတ်လပ် စွာဝင်ရောက်လုပ်ကိုင်နိုင်ခွင့်နှင့် ထိုပညာ၏အကျိုးအာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့်ရှိ သည်။ (၂) လူတိုင်းတွင် သိပ္ပံမှဖြစ်စေ၊ စာပေမှဖြစ်စေ၊ သုခုမပညာမှဖြစ်စေ မိမိကိုယ်ပိုင် ဥာဏ်ဖြင့် ကြံစည်ဖန်တီးမှုမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့်ငွေကြေးအကျိုးအမြတ်များကို ခံစားရယူနိုင်ရန်အခွင့်အရေးအတွက် ကာကွယ်မှုကိုရရှိရန် အခွင့်အရေးရှိသည်။
အပိုဒ် ၂၈- လူတိုင်းသည် ဤကြေညာစာတမ်းတွင်ဖော်ပြထားသည့် အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အပြည့် အစုံရယူနိုင်သော လူမှုဆက်ဆံရေးအခြေအနေနှင့် အပြည်ပြည် ဆိုင်ရာဆက်ဆံရေးအခြေအနေတို့၏ အ ကျိုးကျေးဇူးကို ခံစားနိုင်ခွင့်ရှိသည်။
အပိုဒ် ၂၉- (၁) မိမိ၏စရိုက်လက္ခဏာ လွတ်လပ်စွာဖွံ့ဖြိုးတိုးတက်နိုင်သည့် တစ်ခုတည်းသော လူ့အသိုင်းအ၀န်း အတွက် လူတိုင်း၌တာဝန်ရှိသည်။ (၂) မိမိ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုသုံးစွဲရာတွင် လူတိုင်းသည် အခြားသူများ၏ အခွင့် အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေလေးစားရန်အလို့ငှာလည်းကောင်း၊ ဒီမိုကရေစီကျင့်သုံးသောလူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင်ရ ပ်ရွာ အေးချမ်းသာယာရေးနှင့် ပြည်သူ့အ ကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက် တရားမျှတစွာကျင့်ဆောင်ရန် အလို့ငှာလည်းကောင်း ဥပဒေကပြဌာန်း ထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။ (၃) အဆိုပါအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို မည်သည့်အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ရည်ရွယချက်များနှင့်လည်းကောင်း၊ အခြေခံမူများနှင့်လည်းကောင်း ဆန့်ကျင်၍မသုံးစွဲရ။
အပိုဒ် ၃၀- ဤကြေညာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ၊ပျက်စီးရာ ပျက်စီးကြောင်းတို့ကို ရည်ရွယ်၍ နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ၊ လူတစ်စုအတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်အတွက်ဖြစ်စေ ပါဝင်ဆောင်ရွက်ရန် အခွင့်ရှိသည်ဟုသော်လည်းကောင်း၊ ကိုယ်တိုင်ဆောင်ရွက်ရန်အခွင့်ရှိသည်ဟုသော်လည်းကောင်း အဓိပ္ပါယ်ပိုင်းခြားကောက်ယူခြင်း မရှိစေရ။
ပျော်ရွှင်ပါစေ သူငယ်ချင်း
Thursday, July 23, 2015
ရန်ငြိုးဖြေကြောင်း တရား ၅-ပါး
ရန်ငြိုးဖြေကြောင်း တရား ၅-ပါး။ ။
ရန်သူအပေါ်၌ ရန်ငြိုးပြေစရာ တရားငါးပါး။
(၁) မေတ္တာ ဘာဝေတဗ္ဗာ- ရန်သူ၌ မေတ္တာပွားပါ၊
(၂) ကရုဏာ ဘာဝေတဗ္ဗာ- ရန်သူကို သနားညှာတာပါ၊
(၃) ဥပေက္ခာ ဘာဝေတဗ္ဗာ- လျစ်လျူရှုလိုက်ပါ၊
(၄) အသတိ မနသိကာရော- မေ့ပျောက်ပစ်လိုက်ပါ၊
(၅) ကမ္မဿ ကတာ အဓိဋ္ဌာတဗ္ဗာ- သူပြုသမျှအမှု သူ့ကံနှင့်သူ ဖြစ်ပါစေတော့ ဟူသော သဘောထားလိုက်ပါ။
ပျော်ရွှင်ပါစေ သူငယ်ချင်း
Wednesday, July 22, 2015
ဂါရဝတရား ၁၀-ပါး
ဂါရ၀တရား ၁၀-ပါး။ ။ ဗုဒ္ဓဘာသာဝင်တိုင်း လိုက်နာရိုသေလေးစားရမည့် အရာဆယ်ပါး၊ ဤကား အင်္ဂုတ္ထိုရ်လာ တူရာပေါင်း၍ ပြလိုက်သည်၊
(၁) ဗုဒ္ဓဂါရ၀- ဘုရားရှင်အားလေးစားရခြင်း၊
(၂) ဓမ္မဂါရ၀- တရားတော်အား လေးစားရခြင်း၊
(၃) သံဃဂါရ၀- သံဃာတော်အားလေးစားရခြင်း၊
(၄) သိက္ခာ ဂါရ၀- ကျင့်ကြံလေ့လာမှု၌ လေးစားရခြင်း၊
(၅) သမာဓိ ဂါရ၀-တည်ကြည်ဖြောင့်မတ်မှု၌ လေးစားရခြင်း၊
(၆) အပ္ပမာဒ ဂါရ၀-ကောင်းမှုမင်္ဂလာ၌ မမေ့မပေါ့ လေးစားရခြင်း၊
(၇) ပဋိသန္တာရ ဂါရ၀- ပေါင်းသင်းဆက်ဆံမှု ပြေပြစ်ချောမောရေး၌လေးစားရခြင်း၊
(၈) ဟိရီ ဂါရ၀- မကောင်းမှုပြုလုပ်ရမည်မှ ရှက်ခြင်း၌ လေးစားရခြင်း၊
(၉) သြတ္တပ္ပ ဂါရ၀- မကောင်းမှုပြုလုပ်ရမည်မှ ကြောက်ခြင်း၌ လေးစားရခြင်း၊
(၁၀) အညမည ဂါရ၀-အချင်းချင်း အတူနေသူများအား တစ်ဦးကိုတစ်ဦး လေးစားရိုသေမှုရှိရခြင်း။
 ပျော်ရွှင်ပါစေ သူငယ်ချင်း
Tuesday, July 21, 2015
စကားပြောရာ အင်္ဂါ ၁၀-ပါး
စကားပြောရာ အင်္ဂါ ၁၀-ပါး။ ။
၁။ ကာလ၀ါဒီ- ပြောချိန် ပြောခွင့်သင့်မှ ပြောရခြင်း။
၂။ ဘူတ၀ါဒီ- ဟုတ်မှန်သောစကားကိုသာ ပြောရခြင်း။
၃။ ဓမ္မ၀ါဒီ- တရားနှင့်စပ်သည်ကိုသာ ပြောရခြင်း။
၎။ အတ္ထ ၀ါဒီ- အကျိုးစီးပွားနှင့်စပ်သည်ကိုသာ ပြောရခြင်း။
၅။ ပိယ၀ါဒီ- ချစ်ဖွယ်စကားကိုသာ ပြောရခြင်း။
၆။ မိဟိတ ပုဗ္ဗဘာဏီ- ပြုံးရွှင်မှုရှေ့ထား၍ ပြောကြားရခြင်း။
၇။ မိတဘာဏီ- မတိုမရှည် မပိုမလွန် ခြင့်ချိန်ပြောရခြင်း။
၈။ အတုရိတ ၀ါဒီ- အဆောတလျင်မပြောရခြင်း။
၉။ ပေါရီ- မြို့ကြီးသူတို့အသုံးအနှုန်း ဓလေ့ထုံးကိုယူ၍ပြောရခြင်း။
၁၀။ ၀ိသဒ ၀ါဒီ- သန့်ရှင့်သေချာ တိကျပြတ်သားစွာ ပြောဆိုရခြင်း။
ပျော်ရွှင်ပါစေ သူငယ်ချင်း
ကောသလမင်းအိမ်မက် ၁၆-ချက်
ကောသလအိမ်မက် ၁၆-ချက် ။ ။ သုတ ကာမီတို့အတွက် အမေး အဖြေကိစ္စပြီး ရှစ်လုံးဖွဲ့မြန်မာကဗျာ၊ စီကုံးသူလယ်တီပဏ္ဍိတဆရာ-ဦးမောင်ကြီးအားဂုဏ်ပြုလျက် ဖေါ်ပြပါသည်။ အကျယ် တေရသကဏ်ဋီကာ'ပ'၌ ကြည့်။
(၁) အမေး ။ နွားနက်လေးခု၊ ဝှေ့မှုဟန်ပြင်၊ မဝှေ့ကြဘဲ၊ ရှောင်လွဲသည်မြင်။ အဖြေ ။ အရှေ့အနောက်၊ တောင် မြောက် မိုးဆင်၊ ခြိမ်းသံပေး မိုးဝေးလွင့်ပျောက်စင်။
(၂) အမေး ။ မြေကမ<က၊ ငယ်လှသစ်ပင်၊ ဖူးငုံရင့်ပြီး၊ ပွင့်သီးတွေ့မြင်။ အဖြေ ။ အရွယ်မမျှ၊ ပျိုမ လုံခင်၊ သမီးသား၊ လင်ထား အိမ်ထောင်ဆင်။
(၃) အမေး ။ ယနေ့ဖွားစ၊ နွားမနို့သာ၊ မိခင်နွားကြီး၊ စို့ပြီးနေရှာ။ အဖြေ ။ သမီးနှင့်သား၊ စီးပွားဆိုင်ရာ၊ မိနှင့်ဖ၊ ကျွေးမှစားရမှာ။
(၄) အမေး ။ နွားကြီးမကြိုက်၊ ၀န်တိုက်နွားယေ်၊ မရုန်းနိုင်ဘဲ၊ ၀ပ်လဲနေတယ်။ အဖြေ ။ ကြီးသူပယ်ရှား၊ မြှောက်ထားလူငယ်၊ တိုင်းပြည်ရေး၊ ရှုပ်ထွေးပွေတော့မယ်။
(၅) အမေး ။ ခံတွင်းနှစ်ခွ၊ မြင်းလှရာဇာ၊ ကျွေးမွေးသမျှ၊ မ၀နိုင်ပါ။ အဖြေ ။ မှူးမတ်မင်းစိုး၊ လာဘ်ထိုးသူရှာ၊ နှစ်ဘက်စား၊ တရားစီရင်မှာ။
(၆) အမေး ။ ခွေးအိုထံဆက်၊ ရွှေခွက်သိန်းတန်၊ ကျင်ငယ်အမြဲ၊ ခွက်ထဲစွန့်ပြန်။ အဖြေ ။ မျိုးမြတ်သမီး၊ ပစ္စည်းမက်ဟန်၊ အမျိုးယုတ်၊ လင်လုပ်ပေါင်းဆက်ဆံ။
(၇) အမေး ။ ရှေ့ကကျစ်ချ၊ လွန်စကြိုးကို၊ ခွေးမခိုးစား၊ ကိုက်ဝါးကာမျို။ အဖြေ ။ လင်ကြီးပစ္စည်း၊ သိမ်းဆည်းမသို၊ လင်ငယ်အား မယားလောကွတ်ပို။
(၈) အမေး ။ အိုးငယ်ချည်းနှီး၊ အိုးကြီးရေလျှံ၊ အိုးကြီးကိုဘဲ၊ ရေဆွဲလောင်းပြန်။ အဖြေ ။ ဆင်းရဲသူများ၊ ၀တ်စားမကျန်၊ အခွန်တွက်၊ နှိပ်စက်ငွေကောက်ခံ။
(၉) အမေး ။ ကြာမျိုးငါးဝ၊ ပွင့်ကြရေကန်၊ ရေလယ်နောက်လျက်၊ ကမ်းဘက်ကြည်ပြန်။ အဖြေ ။ မြို့တွင်းပွေရှုပ်၊ ခွန်တုတ်ကောက်ခံ၊ မြို့ပြင်ထွက်၊ ပြည့်နှက်စည်ကားရန်။
(၁၀) အမေး ။ တစ်အိုးတည်းချက်၊ အကျက်မညီ၊ ထမင်းမာဆတ်၊ ပျော့နပ်သုံးလီ။ အဖြေ ။ မင်းနှင့်လူများ၊ တရားမညီ၊ မိုးသုံးစား၊ ကွက်ကြားရွာချမည်။
(၁၁) အမေး ။ မွှေးထုံနဲ့ကြူး၊ စန္ဒကူးသိန်းတန်၊ ပုန်းရည်နှင့်လဲ၊ သုံးစွဲစားပြန်။ အဖြေ ။ အလဇ္ဇီများ၊ တရားဖိုးတန်၊ ငွေနှင့်လဲ၊ အမြဲဟောမည်မှန်။
(၁၂) အမေး ။ သံကြေးမပေါင်း၊ ဘူးတောင်း ဘူးအုံ၊ ရေတွင်စုပ်စုပ်၊ နစ်မြုပ်လုံးစုံ။ အဖြေ ။ ပညာရှိများ၊ စကားဥဿုံ၊ ပြောသမျှ၊ လောကမသုံးကုန်။
(၁၃) အမေး ။ အိမ်လုံး တောင်လုံး၊ ကျောက်တုံးကျောက်ဖျာ၊ ရေမှာဘွားဘွား၊ ထင်ရှားပေါ်လာ။ အဖြေ ။ ရဟန်းရှင်ဆိုး၊ လူဆိုးများသာ၊ ဂုဏ်ရောင်တိုး၊ တန်ခိုးပေါ်ထွက်မှာ။
(၁၄) အမေး ။ အဆိပ်ပြင်းတောက်၊ မေဟောက်ကြီးကို၊ ဖားငယ်မများ၊ ကိုက်ဝါးကာမျို။ အဖြေ ။ ကညာယူထား၊ သက်ကြားဘိုးအို၊ မယားဆဲ၊ အမြဲအော်ငေါက်ဆို။
(၁၅) အမေး ။ အဆင်းမည်းနက်၊ ကျီးငှက်ထံမှာ၊ ရွှေဟင်္သာများ၊ ခစားနေရှာ။ အဖြေ ။ ပညာသီလ၊ ပြည့်ဝသူဟာ၊ သူယုတ်အား၊ ၀ပ်တွားနေရမှာ။
(၁၆) အမေး ။ ဆိတ်ကိုမြင်ငြား၊ ကြောက်အားပြင်းထန်၊ ခြင်္သေ့သစ်ကျား၊ ခုန်လွှားပြေးပြန်။ အဖြေ ။ သူယုတ်မာများ၊ ထောင်လွှားနိုင်ငံ၊ သူတော်ကောင်း ပုန်းအောင်းတောမြိုင်ယံ။
ပျော်ရွှင်ပါစေ သူငယ်ချင်း
Monday, July 20, 2015
ခင်ပွန်းကောင်းအင်္ဂါ ၇-ပါး
ခင်ပွန်းကောင်းအင်္ဂါ ၇-ပါး။ ။ သတ္တင်္ဂုတ္တရ။ ပါ။ ၄၂၁- ၄၂၂။ ဋ္ဌ။ ၁၆၂-၌ အကျယ်ရှု။ မိတ်ဆွေကောင်းတို့၌ ရှိထားရမည့် ကိုယ်ကျင့်တရား ၇-ပါး။
(၁) ဒုဒ္ဒတံ ဒဒါတိ- ပေးနိုင်ခက်သော ၀တ္ထုပစ္စည်းကို ပေး၏၊
(၂) ဒုက္ကရံ ကရောတိ- ပြုနိုင်ခက်သော ၀တ္တရားကိုပြု၏၊
(၃) ဒုက္ခမံ ခမတိ- အလွန်အမင်း သည်းခံ၏၊
(၄) ဂုယှမဿ ပရိဂုယှတိ- လျှို့ဝှက်ထိုက်သောအမှုကို မပေါ်အောင် လျှို့ဝှက်ထားတတ်၏၊
(၅) ဂုယှမဿ အာဝီ ကရောတိ- လျှို့ဝှက်အပ်သောအမှုကို သူ့အား လျှို့ဝှက်ရန် ပြောကြားပေး၏၊
(၆) အာပဒါသု န ၀ိဇဟတိ- ဘေးရန်ကြုံသောအခါတို့၌ မစွန့် မပစ်ထားခဲ့၊
(၇) ဓန ခိဏေန နာတိ မညတိ- ပစ္စည်းမွဲတေ ဆင်းရဲနေသော်လည်း မထီမဲ့မြင်မပြု။
ပျော်ရွှင်ပါစေသူငယ်ချင်း
ဝိသာခါကို သူ့မိဘများမှာကြားလိုက်သော စကား(၁၀)ခွန်း
    ၀ိသာခါကို သူ့မိဘများမှာကြားလိုက်သော စကား(၁၀)ခွန်း
------------------------------------------------------------------
၁) အိမ်တွင်းမီး အပြင်မထုတ်ရ
၂) အိမ်ပြင်မီး အတွင်းမသွင်းရ
၃) ပြန်ပေးမည့်သူကိုသာပေး။
၎) ပြန် မပေးမဲ့သူကို မပေးနဲ့။
၅) ပေးသင့်သူကိုလည်း ပေး။
၆) ချမ်းသာစွာထိုင်။
၇) ချမ်းသာစွာ စား။
၈) ချမ်းသာစွာ အိပ်။
၉) မီးကို ရိုသေစွာလုပ်ကျွေး။
၁၀) အိမ်တွင်းနတ်ကို ရှိခိုးပူဇော်။တို့ဖြစ်ပါသည်။
၁) အိမ်တွင်းမီး အပြင်မထုတ်ရဆိုတာ..အိမ်တွင်းမှာရှိတဲ့ အိမ်တွင်းရေးပြဿနာ
ကိစ္စအဝဝကို အပြင်ဖောက်သည်မချနဲ့ဆိုလိုတာပါ။
၂) အိမ်ပြင်မီး အတွင်းမသွင်းရဆိုတာ…ပြင်ပမှာဖြစ်လာတဲ့ ပြဿနာတွေကိုလည်း
အိမ်တွင်းသည်မလာနဲ့ လို့ဆိုလိုတာပါ။
၃) ပြန်ပေးမယ့်သူကို ပေးဆိုတာ..ချေးငှားတဲ့အခါ ပြန်တောင်းရမည့်
သူကိုသာ ချေးငှားလို့ဆိုတာပါ။
၎) ပြန်မပေးမယ့်သူကို မပေးနဲ့ဆိုတာ…ပစ္စည်းဥစ္စာချေးငှားတဲ့အခါ
ပြန်တောင်းရမ်းလို့မရမည့်သူကိုမချေးငှားနဲ့လို့ ဆိုလိုတာပါ။
၅) ပေးသင့်သည်ဖြစ်စေ၊မပေးသင့်သည်ဖြစ်စေ ပေးပါဆိုတာက…
မိမိဆွေမျိုးအသိုင်းအဝိုင်းထဲမှာ.. ဘဝပေးအရ မပြည့်စုံတဲ့သူတွေကိုတော့
ဘာမှမျှော်လင့်တောင့်တမနေပဲထောက်ပံ့လိုက်ပါဟု ဆိုလိုတာပါ။
၆) ချမ်းသာစွာထိုင်ပါဆိုတာ..မိမိလင်ယောက်ျား၊ယောက္ခမတွေရဲ့
အထက်အရပ်၊လေညာအရပ်စသောမပြစ်မလွတ်သောနေမှာ မထိုင်ဘဲ
အပြစ်ကင်းသောနေရာမှာထိုင်လို့ပြောတာပါ။
၇) ချမ်းသာစွာစားပါဆိုတာ…မိဘ၊ ယောက္ခမ၊ခင်ပွန်းတို့ကို
ရှေးဦးစွားကျွးပြီး နောက်မှစားပါလို့ပြောတာပါ။
၈) ချမ်းသာစွာအိပ်ပါဆိုတာ.. မိဘ၊ ယောက္ခမ၊ လင်ယောက်ျားတို့ ကို
သင့်တင့်သော ဝေယျာဝစ္စပြုပြီးမှာအိပ်ပါလို့ပြောတာပါ။
၉)မီးကိုရိုသေစွာလုပ်ကျွေးဆိုတာ.. ယောက္ခမတွေကို ကောင်းစွာ
စောင့်ရှောက်လို့ပြောတာပါ။
၁၀) အိမ်ဦးနတ်ကိုရိုသေဆိုတာ..မိမိလင်ယောက်ျားကို အိမ်ဦးနတ်ကဲ့သို့
ဆက်ဆံရမယ် လို့ ဆိုလိုတာပါ။
ပျော်ရွှင်ပါစေသူငယ်ချင်း
စကား ၆ ခွန်း
စကား ၆-ခွန်း လူ၌ထွန်း ၄-ခွန်းရှောင်ခွာ ၂-ခွန်းသာဟော။ ။ ၀ိနည်းပါရာဇိကဏ်အဋ္ဌကထာ။ ပ-အုပ်။ ၈၉။ မြတ်စွာဘုရားသည် ၁-နှင့် ၂-ကိုသာ ဟောတော်မူ သည်။ လူတို့ပြောဆိုကြသောစကားအပေါင်းကို သတ္တုချလိုက်လျှင် ထိုခြောက်ခွန်းသာရသည်ဟူ၏။
၁ ဟုတ်မှန်၍အကျိုးရှိပြီး သူလည်းနာလိုသောစကား။
၂ ဟုတ်မှန်၍အကျိုးရှိပြီး သူများမနာလိုသောစကား။
၃ ဟုတ်မှန်၏၊ အကျိုးမရှိ သူများလည်းမနာလိုသောစကား။
၎ မဟုတ် မမှန် အကျိုးရှိ၍ သူများနာလိုနှစ်သက်သောစကား။
၅ မဟုတ်မမှန် အကျိုးမရှိ သူများနာလိုနှစ်သက်သောစကား။
၆ မဟုတ်မမှန် အကျိုးလည်းမရှိ၊ သူများလည်း မနာလိုမနှစ်သက်သောစကား။
Sunday, July 19, 2015
မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြဝါဒ
               "မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြဝါဒ"
               လောကဇာတ်ခုံ ဤလူ့ဘုံ၌
               မျိုးစုံကကြ မာန်မာနနှင့်
               ငါကရာဇာ ငါကသူဋ္ဌေး ငါပဂေးဟု
               ငါ့သွေးတက်ကြွ လူ့ဗာလတို့
               များလှဖြာဖြာ အဝိဇ္ဇာနှင့်
               တဏှာဘီလူး အမှောင်ပူး၍
               ကျူးကျူးကျော်ကျော် ဂုဏ်ကိုဖော်လျှက်
               မော်မော်မောက်မောက် ငါတစ်ယောက်သာ
               မိုးအောက်တစ်လွှား ရွှေကိုယ်လားဟု
               ထင်မှားမလွဲ သို့စဉ်စွဲသည်
               ဇာတ်ပွဲပြီးက ပြေဒုံချသော်
               သုဘရာဇာ မြေအောက်မှာပင်
               ဘာသာလူမျိုး ချိန်မထိုးဘဲ
               ပုတ်သိုးခန္ဓာ မြှုပ်ရရှာသည်
               ဘယ်မှာ ငါဟု ရှိအံ့နည်း………
ဆုံးမခြင်း အင်္ဂါ ၅-ပါး
ဆုမ္မခြင်းရာ၊ အင် ၅-ဖြာ၊ ကျမ်းလာမည်သို့နည်း။ ။ တပည့်များအား ဆိုဆုမ္မရာ၌ ဆရာလုပ်သူက အောက်ပါ ဂုဏ်အင်္ဂါ ၅-ပါးနှင့် စုံညီစွာရှိစေရန် 'သောဝစဿတာ' မင်္ဂလာအဖွင့်၌ဆို၏။
၁ ပဋိရူပ အင်္ဂါ- သင့်လျော်သော ကာလ ဒေသ ဌာန သမယမျိုး၊
၂ သစ္စ အင်္ဂါ- ဟုတ်မှန်သောစကားဖြင့်သာ၊
၃ သုခုမ အင်္ဂါ- သိမ်မွေ့ နူးညံ့သောစကားဖြင့်သာ၊
၎ ဟိတ အင်္ဂါ- အကျိုးရှိ ခြေငံသောစကားဖြင့်သာ၊
၅ မေတ္တာ ပုဗ္ဗင်္ဂမ- မေတ္တာရှေ့ထားဖြင့်သာ၊ (ဆုံးမ)ဟုလည်း ရေးထုံးရှိ၏။
ဆရာ့ဂုဏ်အင်္ဂါ ၂၅ ပါး (မိလိန္ဒပဥှာ)
ဆရာ့ဂုဏ်အင်္ဂါ ၂၅ ပါး။ ။ ဆရာမြတ်တို့ လိုက်နာပြုကျင့်အပ်သည့် ဂုဏ်ကျေးဇူး ၂၅-ပါးဟူ၏၊ မိလိန္ဒပဥှာ။
၁ တပည့်၌အမြဲတစေစောင့်ရှောက်ရ၏၊
၂ မှီဝဲအပ် မအပ်သည်ကို သိရ၏၊
၃ မေ့လျော့သည် မမေ့လျော့သည်ကို သိရ၏၊
၎ အိပ်ရာနေရာ၏ကျန်းမာရေးကိုသိအပ်၏၊
၅ ရောဂါရှိ မရှိကိုသိအပ်၏၊
၆ ထမင်း ဘောဇဉ် ရအပ်မရအပ်ကို သိရာ၏၊
၇ အထူး ရှိမရှိကိုသိအပ်၏၊
၈ စားသောက်ဖွယ်တို့ကို ကောင်းစွာစစ်ဆေး ဝေဖန်အပ်၏၊
၉ ပညာတိုးမှုအတွက် အားပေးစကားပြောကြားအပ်၏၊
၁၀ အလုပ်အကျွေးကောင်းသူကို သိအပ်၏၊
၁၁ ဆွမ်းခံရာ၌ အလုပ်အကျွေးကောင်းသူကို သိအပ်၏၊
၁၂ ကျောင်း၌ အလုပ်အကျွေးကို သိအပ်၏
၁၃ ဆရာသည်တပည့်တို့နှင့် ပြက်ရယ်မှုမပြုအပ်၊
၁၄ တပည့်တို့နှင့် သူငယ်ချင်းပမာ အရောတ၀င်မပြုရာ၊
၁၅ တပည့်အပြစ်ကိုမြင်သော်လည်းသည်းခံအပ်၏၊
၁၆ တပည့်ကို အရိုအသေမပေးမပြုအပ်၊
၁၇ အတတ်ကိုလျှို့ဝှက်စွာပြုသင့်က ပြုအပ်၏၊
၁၈ အတတ်ကိုအကြွင်းမထားပြုသင့်ကပြုရာ၏၊
၁၉ တပည့်များအားတတ်သိစေချင်သောစိတ် ထားရာ၏၊
၂၀ တပည့်များအား အတတ်ပညာ မမေ့နိုင်ရာသောနည်းလမ်းများဖြင့် သင်ကြားရာ၏၊
၂၁ မိမိသင်လက်စပညာဖြင့် ရှေ့ကိုသာတိုး၍သင်ကြားလိုစိတ် ရှိလာအောင် ကြီးပွားလိုစိတ်ထားအပ်၏၊
၂၂ မေတ္တာစိတ်ကိုဖြစ်စေအပ်၏၊
၂၃ ဘေးရန်ရှိသောကာလ၌ မစွန့်ရာ၊
၂၄ အမှုကိစ္စပြုလုပ်ဖွယ်၌ မမေ့မလျော့ရာ၊
၂၅ တပည့်မေ့လျော့မှားယွင်းသော် တရားနှင့်လျော်ညီစွာ ချီးမြှောက်အပ်၏။
ပျော်ရွှင်ပါစေသူငယ်ချင်း
Wednesday, July 15, 2015
ခိုက်ရန်မများ စည်းလုံးထား
                                                 "ရှေးက ငုံးပေါင်း"
                                            ဝိသမဝါဒီ၊ မညီညွတ်ခြင်း
                                            မျိုးဆွေသင်းတို့၊ ချင်းချင်းမမျှ
                                            ကွဲပြားကြလည်း၊ ရှေးကငုံးပေါင်း
                                             ပျက်စီးကြောင်းကို၊ ထုံးဟောင်းမှတ်ယုံ
                                             ရေးပုံတဝ၊ ရွှေဉာဏ်ဆ၍
                                             သားလှသည်းအူ၊ သတိမူလော့။  ။  (၂၁၉)
              လွန်လေပြီးသောအခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းလက်ထက် ဘုရားလောင်းသည် ငုံးငှက်အမျိုး၌ဖြစ်၍ ငုံးအများခြံရံလျက် တော၌နေ၏။ ထိုအခါ ငုံးဖမ်းသော မုဆိုးသည် ငုံးတွန်သံဖြင့် မိမိမြည်၍ ငုံးအများစုရုံးစေပြီးလျှင် အထက်၌ကွန်ကို ပစ်၍ အောက်အစွန်း၌ ခြေဖြင့်နင်းပြီးမှ ငုံးတို့ကိုဖမ်းယူ၏။
               အခါတစ်ပါး ဘုရားလောင်းသည် ငုံးတို့ပျက်စီးခြင်းကို မြင်၍ အကြေင်းဥပါယ်ကို ဆင်ခြင်သော် "အထက်၌ ကွန်ကို ပစ်လျှင်ပစ်ခြင်း တကောင် တကောင်စီ ကွန်တွင်း တပေါက် တပေါက်၌ ဦးခေါင်းကို စွပ်ထား၍ ကွန်ကို တညီတညာ ချီကုန်းပြီးလျှင် သင့်ရာအရပ်သို့ဆောင်၍ ဆူးချုံထက် တင်ပြီးမှ အောက်အရပ်က လိုရာထွက်ပြေးကုန်အံ့"ဟူ၍ ကြံပြီးလျှင် ထိုအကြောင်း ဥပါယ်ကို ငုံးတို့အားကြား၏။ ငုံးအပေါင်းလည်း တညီတညာတည်း ဝန်ခံကြ၏။
               ထို့နောက် မုဆိုးကွန်ပစ်သည့်ကာလ ဝန်ခံချက်အတိုင်းကွန်ကိုချီ၍ ဆူးချုံထက် တင်လျက် အောက်ကလျှိုးပျံ၍ ထွက်ကုန်၏။ မုဆိုးလည်း ကွန်ကိုဖြေယူ၍ နေဝင်မှ လက်ချည်းသာအိမ်သို့ပြန်၏။
               ထိုအခါမယားက "သင်ကား လက်ချည်းသာ လာဘိ၏။ အခြားမှာ ကျွေးမွေးစရာ ရှိလေ၍လော"ဟု ဆို၏။
               "အဘယ် ရှေးအခါကဲ့သို့မဟုတ်၊ ယခု ငုံးတို့ ညီညာသဖြင့် ကွန်ကိုချီ၍ ပျံလေကုန်သည်။ သို့သော်လည်း မစိုးရိမ်လင့်၊ ညီညာခြင်းမည်သည်ကို ရခဲစွ၊ အခါခပ်သိမ်း ညီညာနိုင်မည် မဟုတ်၊ မညီညာသောအခါ ငုံးတို့ကို ဖမ်းယူ၍ သင်၏မျက်နှာကို ရွှင်စေလျက် အိမ်သို့ ပြန်လာအံ့"ဟု ဆို၏။
                ထို့နောက် လေးငါးရက်ကြာမြင့်လျှင် ကျက်စားရာမြေပြင်၌ ငုံးတကောင်သည် ငုံးတစ်ကောင်၏ဦးခေါင်းကို အမှတ်မဲ့နင်းမိရာ သည်းမခံဘဲ အမျက်ထွက်၍ သင်ချည်းသာ ကွန်ကိုချီသလော၊ ငါလည်းမချီသလော"ဟု အချင်းချင်းခိုက်ရန်ဖြစ်၏။
                 ထိုအကြောင်းကို ဘုရားလောင်းကြားသိ၍ "ယခု မညီမညာဖြစ်တော့အံ့၊ မညီမညာသောအရပ်၌ ချမ်းသာခြင်းမည်သည် ရှိမြဲမဟုတ်"ဟု ဆို၍ မိမိအခြံအရံနှင်တကွ အခြားအရပ်သို့ ပျံသွား၏။ ကြွင်းသော ငုံးငှက်တို့သည် အညီအညာကွန်ကို မချီသဖြင့် မုဆိုးဖမ်းယူလေ၏။
                  ငုံးတို့သည် ဝမ်းမြောက်ဝမ်းသာ ညီညာကုန်သည်ရှိသော် ပိုက်ကွန်ကိုယူဆောင်၍ ပျံသွားကုန်၏။ မညီမညာ ငြင်းခုံသောအခါ၌ မုဆိုးလက်သို့ လိုက်ရကုန်၏။
Tuesday, July 14, 2015
စကား
                               "စကား"
*  စကားလေးများ ပြောတဲ့အခါ၊ သတိပြု ဆင်ခြင်ရာ
    မင်္ဂလာပါ ဆိုတဲ့တေး၊ ပန်းသို့ ယဉ်ယဉ်မွှေး။
*  အေးအေးဆေးဆေး ပြောကြားမှန်၊ ကောင်းသောစိတ်ရည်သန်
    နားဝင်ပီယံ ဆိုစကား၊ ပျားသို့ ချိုစေသား။
*  အများကောင်းဖို့ အကျိုးရှိသော်၊ ရဲရဲပြောပါနော်
    တကြော်ကြော် အော်ခေါ်ခြင်း၊ ဝေးဝေးရှောင်လို့ကွင်း။
*  ရှင်းရှင်းလင်းလင်း ပြောတတ်စေ၊ ရိုးသားဖြူစင်နေ
    ကျေးဇူးတွေ ဖော်ထုတ်ပြီး၊ ဝမ်းမြောက်စေသတည်း။
*  တအားညည်းတဲ့ စကားရယ်၊ လုံးဝ ရှောင်ကြဉ်ဖွယ်
    သူ့နောက်ကွယ် သူ့အကြောင်း၊ အတင်း မပြောကောင်း။
*  ရှေးဟောင်းနှောင်းဖြစ် ပြောခဲ့လျှင်၊ မှန်ကန်ကြစေချင်
    အဆိုးမြင်ကာ အပြစ်တွေး၊ ပြောကြားပါနှင့်လေး … ။
                                                                                    မျိုးခိုင် (မူဆယ်)
Monday, July 13, 2015
အမျက်ထွက်ငြား အပြစ်(၇)ပါး
                        "အမျက်ထွက်ငြား အပြစ်(၇)ပါး
        ဤသည်လောက၊ ဘုံဘဝ၌၊ မိန်းမ,ယောက်ျား၊ မျက်ထွက်ငြားမူ-
၁။ ဖောက်ပြားယွင်းကွက်၊ ရုပ်ဆင်းပျက်၏။
၂။ အိပ်စက်သောခါ၊ မချမ်းသာဘူး။
၃။ ပြုရာကိစ္စ၊ အဝဝ၌၊ ကောဓလွှမ်းမိုး၊ အမျက်ဆိုးကြောင့်၊
     ကျိုးမဲ့ကိုပင်၊ ကျိုးရှိထင်လျက်၊ ကျိုးပင်ရှိလတ်၊ မရှိမှတ်၍၊
     ချွတ်ချော်ပြုမှား၊ ကျိုးမများတည့်။
၎။ စီးပွားယုတ်လျက်၊
၅။ ဂုဏ်သိန်ပျက်၍၊
၆။ မိတ်ဖက်ကင်းကွာ၊
၇။ သေသောခါလည်း၊ လေးဖြာပါယ်သို့၊ ရောက်တုံမြို့၏။
     ဤသို့ဖြစ်မူ၊ တစ်ဖက်လူဟု၊ ရန်သူနှစ်ထောင်း၊ အားရကြောင်းလျှင်၊
     မကောင်းကျိုးများ၊ ခုနစ်ပါးတို့၊ ယောက်ျား,မိန်းမ၊ မျက်ထွက်ကြသား၊
     ထိုမျှလူ့ဌာန်၊ ရောက်၏မှန်ဟု၊ ဘုန်းသန်ဓမ္မစက်၊ ဟောဖော်မြွက်သည်၊
     အမျက်မထွက်ကြလေနှင့်………။
                                                        မင်းကွန်း တိပိဋကဓရ ဆရာတော်ကြီး ။
Monday, July 6, 2015
ယောက်ျားတို့၏ အပြစ်(၆)ပါး
            ယောက်ျားတို့၏ အပြစ်(၆)ပါး
(၁) နိဒ္ဒ - အအိပ်စုံမက်ခြင်း။
(၂) တန္နီ - လုပ်ငန်းရပ်၌ အလိုမသန် နှေးကန်ဖင့်လေး အေးစက်ထိုင်းမှိုင်းခြင်း။
(၃) ဘယ - သတ္တိညံ့ဖျင်း ကြောက်ရွံ့တတ်ခြင်း။
(၄) ကောဓ - သည်းညည်းမခံ ဒေါသထန်ခြင်း။
(၅) အာလသျ - အပျင်းထူခြင်း။
(၆) ဒီဃသုတ္တ - အချိန်ဖင့်လေး ပြီးစီးမှုနှောက်နှေးအောင် လုပ်ဆောင်နေခြင်း။
                                                                                                                 ဟိတောပဒေသ
မိန်းမတို့၏ အပြစ်(၇)ပါး
            မိန်းမတို့၏ အပြစ်(၇)ပါး
(၁) အသတျ - ဖောက်ပြန်မှားယွင်း မိစ္ဆာစာရ အကျင့်မျိုးကို ပြုတတ်ခြင်း။
(၂) သာလာသာ - မစူးစမ်းမဆင်ခြင် အမှုကိစ္စကိုအစောတလျင် ပြုတတ်ခြင်း။
(၃) မာယာ -  ကောက်ကျစ်မတည် လိမ်လည်လှည့်ဖြားတတ်ခြင်း။
(၄) မစ္ဆရိယ -  ဝန်တိုမိစ္ဆာ များစွာဖြစ်တတ်ခြင်း။
(၅) အတိလုဒ္ဒ - တဏှာရာဂ လောဘရမ္မက် ထက်မြက်ဖိစီး လွန်အားကြီးခြင်း။
(၆) နိဂ္ဂုဏတွံ့ -  ခမ်းနားကြီးကျက်သော ပြုလုပ်ဖွယ်တို့၌ ရေလည်စွာ မသိမလိမ္မာခြင်း။
(၇) အသောစတွံ့ - အတွင်းပြင်ပ နှစ်ဌာနဝယ် မစင်ကြယ် မသန့်ရှင်းခြင်း။
                                                                                                                      သုတေသနသရုပ်ပြအဘိဓာန်
Thursday, June 25, 2015
မိမိကိုယ်
၁၆၀
မိမိသည်သာလျှင် မိမိ၏ကိုးကွယ်ရာဖြစ်၏၊ သူတစ်ပါးသည်မိမိ၏ ကိုးကွယ်အားထားရာ အဘယ်မှာ ဖြစ်ရာအံ့နည်း၊ မိမိကိုယ်ကို ကောင်းစွာ ဆုံးမခြင်းအားဖြင့် ရခဲလှသည့်နိဗ္ဗာန်တည်းဟူသော ကိုးကွယ်ရာကို ရလေ၏။
                                                                                                                                                         ဓမ္မပဒ
Wednesday, June 24, 2015
မနက်ဖန်အတွက်
  • "မနက်ဖန်အတွက်"
  • တစ်နေ့တာရဲ့
  • မဝေးကွာသေးတဲ့
  • နွေးထွေးဆဲလှုပ်ရှားမှုများ။
  • အိပ်ယာထဲဝင်
  • နဖူးပေါ်လက်တင်
  • ဖန်သားပြင်ပေါ်က ရုပ်ပုံပမာ
  • တစ်လွှာစီဖြန့်ကြည့်။
  • ဘဝအသိနဲ့ ယှဉ်
  • တရားအသိနဲ့ မြင်
  • မှားတာရှိရင် ပြုပြင်
  • ဆင်ခြင်စရာတွေရွေးထုတ်
  •         (မနက်ဖန်မှာ)
  • ပိုပြီးကောင်းအောင်လုပ်။     ။
  •                                             တင်ဝင်းမောင်(အောင်လံ)
ဇွဲစိတ်ကို ဖျက်ဆီးတတ်သော အကြောင်းများ
     "ဇွဲစိတ်ကို ဖျက်ဆီးတတ်သော အကြောင်းများ"
၁။ မိမိအလုပ်ကို မိမိကပင် ဂုဏ်ငယ်သည်ဟု ထင်မြင်လာမိခြင်း။
၂။ စိတ်ညစ်လွယ်၊ စိတ်တိုလွယ်ခြင်း။
၃။ ပင်ပန်းမှု၌ သည်းမခံနိုင်ခြင်း။
၎။ မိမိကိုယ်မိမိ မယုံကြည်ခြင်း၊ စိတ်ကူးပြောင်းလဲခြင်း။
၅။ ရှက်တတ်လွန်း၊ ကြောက်တတ်လွန်းခြင်း။
၆။ ပျင်းရိတွေဝေ၍ သူတစ်ပါးစကားကို နားယောင်ခြင်း။
ယုတ်ညံ့သူ နှင့် မြင့်မြတ်သူ
                "ယုတ်ညံ့သူ နှင့် အထက်တန်းကျသူ"
"မိစ္ဆာပဏိဟိတံ စိတ္တံ ၊ ပါပိယော နံ တတော ကရေ  =  မကောင်းသော စိတ်ထားသည် ထိုစိတ်ရှိသူကို ယုတ်ညံ့ ဆိုးဝါးသူဖြစ်အောင် ပြုတတ်သည်"
"သမ္မာပဏိဟိတံ စိတ္တံ ၊ သေယျသော နံ တတော ကရေ  =  ကောင်းသောစိတ်ထားသည် ထိုသူကို အထက်တန်းကျသူဖြစ်အောင် ပြုသည်။"
                                                                                                                     ဓမ္မပဒ
Tuesday, June 23, 2015
ဆုံးမပေးပါ
  •   "ဆုံးမပေးပါ"
  • ဗုဒ္ဓဘာသာ၊ မိမာတာနှင့်
  • ပိတာဖခင်၊ ကျေးဇူးရှင်တို့
  • ရင်မှဖြစ်သော၊ သမီးချောကို
  • အပြစ်ကင်းစင်၊ နုနယ်စဉ်၌
  • နောင်ခါအရေး၊ ဘဝင်အေးအောင်
  • အမျိုးပျက်မည်၊ အရေးသည်ကြောင့်
  • ဝံသတရား၊ လက်ကိုင်ထား၍
  • အခါမရွေး၊ ဆုံးမပေးလော့။
  • ဆန်ရေစပါး၊ ယူသုံးစားလျက်
  • ဥစ္စာပစ္စည်း၊ အပိုင်စီး၍
  • မောဟ,တဏှာ၊ အဝိဇ္ဇာကြောင့်
  • မဖြောင့်စိတ်ထား၊ ကောက်ကျစ်များ၍
  • ကျွေးသောလက်ကိုက်၊ ခွေးမိုက်ပမာ
  • သစ္စာမဲ့စွာ၊ လူယုတ်မာနှင့်
  • ရှောင်ခွာကွေကွင်း၊ မပေါင်းသင်းအောင်
  • သတိတရား၊ အမြဲထား၍
  • နေ့,ညမဟူ၊ ဆုံးမယူလော့ … ။
  •                                          စောသုအောင် (လေးအိမ်စုအထက)
လိုက်နာကျင့်သုံး အမြတ်ဆုံး
        "ဘဝမှာအမြဲ လိုက်နာကျင့်သုံးသင့်သော အချက်များ"
၁။ လောဘနည်းစေရန် မိမိအိတ်ထဲမှ ငွေကို အနည်းငယ်မျှ  နေ့စဉ်ပေးလှူပါ။
၂။ ညီတူညီမျှ ခွဲဝေယူရန်ရှိပါက မိမိဝေစုကို လျှော့ချပေးပါ။
၃။ သူတစ်ပါး၏ ကျွေးမွေးလှူတန်းမှုကို အနည်းငယ်ပါယူ၍ မိမိမှ ပို၍ သူတစ်ပါးအတွက် ကျွေးမွေးလှူတန်ရန် ကြိုးစားပါ။
၎။ အခါမရွေး မိမိဘက်ကသာ သူတစ်ပါးကို အရင်ဆုံး ကျွေးမွေးရန်၊ ကူညီရန် ကြိုးစားပါ။
၅။ အခွင့်အရေးကို ပိုမယူပါနှင့်၊ သူတစ်ပါးကို အခွင့်အရေးပေးရန် ကြိုးစားပါ။
၆။ ကူသိုလ်တစ်ခုခုလုပ်ရန် စိတ်ကူးနေပါ။
ကမ္ဘာကျော်စကား မှတ်သားစရာ
ကမ္ဘာကျော်စကား မှတ်သားစရာ
လူတစ်ယောက်ဟာ ပညာသင်ယူမှုကပဲဖြစ်ဖြစ်
ဘဝအတွေ့အကြုံကပဲဖြစ်ဖြစ်
သူ့ဘဝအတွက် ထူးခြားတဲ့အရာတစ်ခု၊
သူတစ်ပါးဘဝအတွက်၊ အလွန်အရေးကြီးတဲ့ အရာတစ်ခုအတွက်
စိတ်ထက်သန်ပြင်းပြမှုတစ်ခု ရှိလာတတ်ပါတယ်။
ကျွန်တော့်အတွက်တော့ ပန်းချီအနုပညာပေါ့။
ကိုယ်စိတ်ထက်သန်ပြင်းပြမှုနောက်ကိုပဲ လိုက်ပါ။
အဲဒီအတွက် အဘက်ဘက်က ပြည့်စုံကောင်းမွန်အောင် ကြိုးစားပါ။
အဲဒီနယ်ပယ်မှာ ထူးချွန်ထက်မြတ်လာပြီဆိုရင်
သူတစ်ပါးကိုလည်း သင်ကြားပေးလို့ရတယ်၊ ကူညီပံ့ပိုးပေးနိုင်တယ်။
သင့်ရဲ့ စိတ်ထက်သန်ပြင်းပြမှုကို
ကိုယ်ရော တခြားလူတွေဆီပါ ချဲ့ထွင်တိုးချဲ့နိုင်မယ်။
          သူတစ်ပါး လုပ်ခိုင်းစေချင်တာတွေကို လိုက်လုပ်ဖို့ မကြိုးစားပါနဲ့ ။
          ကိုယ်စိတ်ထက်သန်မှုနောက်ကိုပဲ တစိုက်မတ်မတ်လုပ်ပါ။
                                                             အက်ဂနက်စ်ဂန်း၊ (ဥက္ကဋ္ဌ၊ ခေတ်သစ်ပန်းချီပြတိုက်) ။
Sunday, June 21, 2015
မှတ်သားစရာ
             ပညာသင်တဲ့အခါ မြင်းများ၊ နွားများ အမြီးရှည်လာရင် သူ့အရှက်ကို လုံခြုံစေတယ်။ နှောက်ယှက်မယ့် မှက်-ခြင် အန္တရာယ်ကိုလည်း ကာကွယ်နိုင်သလို၊ အလားတူ စာဆိုတာ အခက်အခဲတစ်ခုကို ကျော်ဖြတ်ပြီး သာသနာပြုဖို့အတွက်သက်သက် ရည်ရွယ်သင့်တယ်။
             ခွေးဟာ အကောင်ကြီးလေ အမြီးရှည်လာလေပဲ။ အဲ … သူ့အမြီးက ဘယ်နားမှာမှ သုံးမရတဲ့အပြင်ဖင်ပေါ်တာပဲ အဖတ်တင်သလို၊ ပညာတတ်လေ အတ္တမာနကြီးလေ၊ သူများကို အနိုင်ကျင့်ချင်လေဆိုရင် ခွေးအမြီး ရှည်လာတာနဲ့ အတူတူပဲ။
                                                          အမရပူရမြို့၊ဘာသာဋီကာကျမ်းပြုအကျော် မဟာဂန္ဓာရုံဆရာတော်ကြီး
Thursday, June 18, 2015
စကားအရာ အင်္ဂါလေးတန်
           "စကားအရာ အင်္ဂါလေးတန်"
(၁) သုဘာသိတ _ ကောင်းသောစကား ။
(၂) ဓမ္မ _ တရားသော စကား ။
(၃) ပီယ _ ချစ်ဖွယ်သော စကား ။
(၄) သစ္စ _ မှန်သော စကားတို့ ဖြစ်သည် ။
                                              ထိုတွင် သူအချင်းချင်း မတည့်အောင် ရန်တိုက်ပေးသော ပိသုဏဝါစာကို မပြောဆိုဘဲ ကွဲပြားသူများ ညီညွတ်အောင်, ညီညွတ်နေသူများ ပိုမိုညီညွတ်အောင် ပြောဆိုသောစကားကို သုဘာသိတဟု ဆိုသည်။
သမ္ဖပ္ပလာပ (အနက်အဓိပ္ပါယ်ကင်းမဲ့သော စကားဖျင်း)ကို မဆိုဘဲ ရှောင်ရှားလျက် အဖြစ်အပျက် အကြောင်းအရာမှန် , သဘာဝအမှန်ကို ပြောဆိုခြင်းကား ဓမ္မဖြစ်သည်။
ဖရုသဝါစာ (ဆဲရေးမောင်းမဲ ကျိန်ဆဲခြင်းစသော ကြမ်းထမ်းသောစကား)ကို မဆိုဘဲ သာယာပြေပြစ် နှစ်လိုဖွယ်ပြောဆိုသော စကားမှာ ပီယ(ချစ်ဖွယ်စကား)ဖြစ်၏။
မုသာဝါဒ(လိမ်ပြောသော စကား)ကို မဆိုဘဲ အမှန်အတိုင်းပြောသော စကားမှာ သစ္စာပင်တည်း။
                                                                                      သဂါထာဝဂ္ဂ - သုဘာသိတသုတ်လာ စကားလေးမျိုး
Tuesday, June 16, 2015
ဘဝတွင် ထားရှိရမည့် အရေးကြီးဆုံးအရာ(၁၀)ခု
               "ဘဝတွင် ထားရှိရမည့် အရေးကြီးဆုံးအရာ (၁၀)ခု"
၁။ ချစ်ခြင်းမေတ္တာ
     သင့်ကို လုံးဝနွေးထွေးစေပြီး အံ့ဖွယ်ကောင်းစေတဲ့ ခံစားမှု။
၂။ လေးစားမှုရှိခြင်း
      သင့်ကိုအခြားသူတွေက ဆက်ဆံချင်သလိုမျိုး သင်ကလည်း အခြားသူတွေကို ဆက်ဆံခြင်း။
၃။ နားလည်သိတတ်မှုရှိခြင်း
     ဘဝက ပေးအပ်ရတဲ့ ကောင်းတဲ့အရာတွေ အားလုံးအတွက် ကျေးဇူးတင်တတ်ပါ။
၎။ ပျော်ရွှင်မှုရှိခြင်း
     အချိန်တိုင်းမှာ အပြည့်အဝ ပျော်ရွှင်ခြင်း၊ ပြုံးနေတဲ့မျက်နှာ။
၅။ ခွင့်လွှတ်တတ်ခြင်း
     ဒေါသမထွက်ဘဲ ဘာမဆို လွတ်လပ်ခွင့်ပေးနိုင်သည့် အရည်အချင်း။
၆။ မျှဝေတတ်ခြင်း
      ပြန်ရဖို့ အတွေးလုံးဝမရှိဘဲ ပေးဆပ်ခြင်းမှာ ပျော်ရွှင်မှု။
၇။ ရိုးသားဖြောင့်မတ်ခြင်း
     အမြဲတမ်း အမှန်ကို ပြောဆိုတတ်သည့် အရည်အချင်း။
၈။ တည်ကြည်မှုရှိခြင်း
     ဘာပဲဖြစ်ဖြစ် မှန်တာကို ပြုလုပ်တတ်သည့် အပြစ်ကင်းစင်မှု။
၉။ သနားကြင်နာတတ်ခြင်း
     အခြားသူရဲ့နာကျင်မှုကို သက်သာစေပြီး သူ့ရဲ့နာကျင်မှုကို ခံစားနားလည်ပေးတတ်တဲ့ အရည်အချင်း။
၁၀။ ငြိမ်းချမ်းခြင်း
       အရေးအကြီးဆုံးအရာ ဆယ်ခုဖြင့် နေထိုင်သွားဖို့အတွက် ဆုလာဘ်။
                                                                                                                                   ဝိုင်းချစ်
Saturday, June 13, 2015
မြေခွေးလောဘ
  •    "မြေခွေးလောဘ"
  • သားတစ်ကိုက်ကာ၊ ရေမှာကူးဘိ
  • မိမိရိပ်သွင်၊ မြင်လျှင်ငပ်ငပ်
  • လောဘတပ်ပြီး၊ လိုက်ဟပ်တုံလျှင်း
  • နှုတ်ခံတွင်းက၊ ကိုက်ရင်းသားတစ်
  • စင်စစ်လွတ်ထ၊ ရေတွင်ကျ၍
  • မရလက်ချည်း၊ ဝမ်းနည်းမှိုင်ကာ
  • နေရစွာသား၊ လိမ္မာမဲ့လစ်
  • မြေခွေးညစ်သို့၊ စင်စစ်ယုတ်မာ
  • ဤလူ့ရွာ၌၊ မဟိစ္ဆာဆိုး
  • လောဘမျိုးကား၊ အကျိုးမပြီး
  • အချည်းနှီးသည်၊ ပျက်စီးလက်မဲ့
  • လက်ခါတည်း။       ။               (၂၄၇)
           ရှေးအခါက မြေခွေးတစ်ကောင်သည် တောစပ်နားရှိ အိမ်တစ်အိမ်သို့ နောက်ဖေးမှ အမှတ်မထင်ဝင်ကာ အမဲသားတစ်ကို ချီပြီး ပြေး၏။ တံတားတစ်ခုသို့ရောက်၍ တံတားပေါ်ဖြတ်ကျော်လာရာ ရေထဲတွင် မိမိအရိပ်ကို အမဲတုံး ချီလာသော အခြားမြေခွေးတစ်ကောင်ဟု ထင်မှတ်၍ လုယူရန်ခုန်အုပ်လိုက်၏။ ထိုအခါ မိမိချီလာသော အမဲတုံးလည်း ရေထဲကျကာ ပျောက်ဆုံးသွားပြီး ကိုယ်တိုင်လည်း ရေထဲမှ အနိုင်တက်ခဲ့ရ၏။
            သတ္တဝါတို့မှာ ဣစ္ဆာဟူသော အလိုဆန္ဒ ရှိကြမြဲဖြစ်၏။ သို့သော်လည်း အချို့သော သတ္တဝါတို့ကား အလိုဆန္ဒ လွန်ကဲ၏။ လွန်ကဲသော အလိုဆန္ဒကို မဟာဣစ္ဆာ = မဟိစ္ဆာဟု ခေါ်၏။ စင်စစ် လောဘကြီးခြင်းပေတည်း။ လိုသည်ထက်ပိုပြီး လောဘကြီးသော မဟိစ္ဆာမျိုး မဖြစ်စေရန် မွန်မြတ်သောသူတို့ စောင့်ထိန်းကြသည်။ သူယုတ်တို့မှာသာ ဤအလိုဆိုးမျိုးရှိတတ်ကြ၏။
                                                                                      မဟာသုတကာရီ လမ်းညွှန်နီတိ
အံ့သြဖွယ်အကောင်းဆုံးအရာ
                      "အံ့သြဖွယ်အကောင်းဆုံးအရာ"
              မဟာဘာရတကျမ်းကြီး၌ ပါရှိသော တရားနတ်မင်း(ဓမ္မ)၏မေးခွန်းကို ယုတ
ဓိတ္တရ၏ ဖြေကြားချက်များအနက် တစ်ခုမှာအောက်ပါအတိုင်း ဖြစ်လေသည်။
မေး။        ။ ကမ္ဘာ၏အံ့သြဖွယ်များအနက် မည်သည့်အရာသည် အံ့သြဖွယ် အကောင်းဆုံး ဖြစ်သနည်း။
ဖြေ။         ။ မိမိပတ်ဝန်ကျင်တွင် နေ့စဉ်နှင့်အမျှ လူတွေသေနေကြပါလျက် မည်သူမျှ  ကိုယ့်ကိုယ်ကို သေမည်                                                              မထင်ကြပေ။
              _ဓမ္မအလင်းသစ်ရသစာစုပါ ဦးသန်းထွန်း(ရွှေဘို၏ 'နေရေးဒဿ      န'ဆောင်းပါးမှ။
နောင်ခါလာ နောင်ခါဈေး
  • "နောင်ခါလာ နောင်ခါဈေး"
  • နောင်ခါလာ နောင်ခါဈေး
  • သည်အတွေး သည်အမြင်
  • ရင်ထဲမှာ ခိုင်မာမြဲ
  • ငြိစွဲလို့ပင်
  • ကိုယ်ထင်ရာ ကိုယ်လုပ်ချင်
  • မဆင်ခြင် မစစ်ကြော၊
  • တစ်ဇွတ်ထိုးနောက်မဆုတ်
  • လုပ်တတ်ပြန်ရော။
  •           
  • ပြောပြန်လျှင် မနှစ်ခြိုက်
  • အရွဲ့တိုက်နေချင်
  • ရှေ့ရေးမမြင်
  • ဘယ်သူ့မှ ထီမထင်
  • အသွင်က သည်သဘော
  • အတွေးအခေါ် အဆုံးအဖြတ်များရယ်က
  • ထပ်ခါထပ်ခါ မှားလာတော့
  • နောင်ခါလာ နောင်ခါဈေးရယ်
  • ဘေးတွေ့ပြီကော။   ။
  •                                      အောင်ထွန်းလင်း(ချောက်)
Friday, June 12, 2015
ခေတ်လူငယ်တို့၏ အကျင့်ဆိုး(၁၀)ခု
                               "ယနေ့ခေတ်ဆယ်ကျော်သက်လူငယ်များ
                                ပြုမူလုပ်ဆောင်နေသည့် အမူအကျင့်(၁၀)ခု"
               ယနေခေတ်ကာလ၌  နည်းပညာများထွန်းကားလာခြင်းသည် လူ့အဖွဲ့အစည်းအတွက် ကောင်းသောလက္ခဏာ တစ်ရပ်ဖြစ်သကဲ့သို့ တိုးတက်မှု ပြယုဂ်တစ်ခုလည်းဖြစ်သည်။ သို့သော် အဆိုးနှင့်အကောင်းသည် ဒွန်တွဲပါလာတတ်စမြဲဖြစ်ရာ မျက်မှောက်ခေတ် ခေတ်မီဆန်းသစ်သည့် ပစ္စည်းကိရိယာများသည် လူငယ်များအတွက် အတိုင်းအတာတစ်ခုအထိ ဆိုးကျိုးသက်ရောက်စေသည့် အမူအကျင့်များကိုလည်း ဖြစ်ပေါ်စေသည်။ ထို့အပြင် အချို့သောပစ္စည်းကိရိယာများ၊ ထုတ်ကုန်ပစ္စည်းများသည် လူငယ်ထုအတွက် အဓိကပစ်မှတ်ထား ထုတ်လုပ်သည်များလည်းရှိသည်။ တိုးတတ်ပြောင်းလဲလာသည့် လူနေမှုခေတ်စနစ်နှင့်အညီ ဆယ်ကျော်သက်လူငယ်များအကြား ပြုမူလုပ်ဆောင်လာသည့် အမူအကျင့်စရိုက်လက္ခဏာ(၁၀)ခုကို လေ့လာတင်ပြပါမည်။
               ၁။ လူမှုရေးဝက်ဘ်ဆိုက်စာမျက်နှာများပေါ်တွင် အချိန်ကုန်နေခြင်း
               ၂။ မိုဘိုင်းဖုန်း အလွန်အကျွံ သုံးစွဲပြောဆိုခြင်း
               ၃။ နောက်ဆုံးပေါ် ပစ္စည်းကိရိယာများ ဝယ်ယူလိုစိတ် ပြင်းထန်ခြင်း
               ၄။ ဗီဒီယိုဂိမ်း အလွန်အကျွံ ကစားခြင်း
               ၅။ ငယ်ငယ်ရွယ်ရွယ်နှင့် အကျင့်စရိုက်ဆိုးများ ဝင်လာခြင်း
               ၆။ ငယ်ငယ်ရွယ်ရွယ်နှင့် ရည်းစားထားခြင်း
               ၇။ ညကပွဲများတွင် အလွန်အကျွံ ပါဝင်ဆင်နွဲခြင်း
               ၈။ ခေတ်ပေါ် ဝတ်စားဆင်ယင်မှုကို အရူးအမူးဖြစ်ခြင်း
               ၉။ ရုပ်သံဝါသနာအိုးများ ဖြစ်လာခြင်း
              ၁၀။ အလွန်အကျွံ အိပ်စက်အနားယူခြင်း(အလုပ်ချိန်မှာ အိပ်စက်အနားယူခြင်းကို ဆိုလိုသည်)
                                                                                                                          အေးဝမ်းစိုး
                                                                                           (9-7-2012)ထုတ် နိုင်ငံတကာသတင်းဂျာနယ်မှ။
လူ့အဖွဲ့အစည်း၏ အဓိက လိုအပ်ချက်
  •         "လူ့အဖွဲ့အစည်း၏ အဓိက လိုအပ်ချက်"
  • အို…… မိတ်ဆွေ
  •                          သင်ဟာ မကောင်းတဲ့မျိုးရိုးက ဆင်းသက်လာလို့လည်း ဝမ်းမနည်းပါနဲ့
  • သင့်ကို လူ့အဖွဲ့အစည်းကြီးက လက်ခံပါတယ်။
  • စာမတတ်လို့လည်းနေရတယ် ဘာမှမဖြစ်ဘူး။
  • ရုပ်မချောလို့လည်း သိမ်ငယ်မနေပါနဲ့ နှလုံးလှတဲ့လူတွေက သင့်ကို ပွေ့ဖက်ထားကြမှာပါ။
  •          ဒါပေမယ့် ကိုယ်ကျင့်တရားမကောင်းဘူး ဆိုရင်တော့ ………………………………………
  •                                                                                                                                   ဒါပါပဲ။
လူ့အဖိုးတန်လေးများ ဖြစ်ဖို့
  •                 "လူ့အဖိုးတန်လေးများ ဖြစ်ဖို့"
  • တော်တဲ့ဆရာကသာ တော်တဲ့တပည့် မွေးထုတ်နိုင်တာ။
  • ညံ့တဲ့ဆရာက တော်တဲ့တပည့် မမွေးထုတ်နိုင်ဘူး။
  • သည်ကြားထဲ သင်ကြားရေးသမားက
  • စိတ်ဓာတ်ပါညံ့တဲ့ ဆရာမျိုး ဆိုရင်တော့
  • အင်္ဂုလိမာလလို တပည့်မျိုးတွေ ထွက်လာလိမ့်မယ်။
  • ဆရာတွေ တော်ဖို့လိုသလို စိတ်ဓာတ်ကောင်းဖို့လည်း လိုတယ်။
  •                                                                                               မင်းသန်းထိုက်(ဒေးဒရဲ)
Thursday, June 11, 2015
အလုပ်မမှားစေနဲ့
                                                         "အလုပ်မမှားစေနဲ့"
                     ငါလုပ်နေသောအလုပ်သည် အပြစ်ရှိသော အလုပ်လား၊ အပြစ်မရှိသော အလုပ်လားဟု ဝေဖန်ပိုင်းခြားကြည့်ပါ။ အပြစ်ရှိသောအလုပ်ကိုလုပ်လျှင် ထိုအပြစ်ကို မည်သူမျှ လက်ခံလာမည်မဟုတ်။ မိမိသာ ခံရမည်။ အပြစ်ရှိသောသူကို သဘာဝမိခင်က လက်ပိုက်ကြည့်နေမည်မဟုတ်ပါ။ အပြစ်နှင့်လျော်ညီအောင် ဆုံးမမည်မှာ သေချာသည်။ သို့အတွက် 'အလုပ်မမှားစေနဲ့'ဟု ဆိုလိုပါသည်။
                                                                                                                           ရွှေပေါ်ကျွန်းဆရာတော်
တုမနှိုင်းသာ
  •         "တုမနှိုင်းသာ"
  • ကောင်းကင်တက်ထွန်း လပြည့်ဝန်း
  • လေးကျွန်းစကြာ ဤကမ္ဘာ
  • တစ်ခုသာရှိ သို့ပါဘိ
  • အမှိုက်မှောင်အား ကုန်ဖယ်ရှား၏။
  • သိန်းသောင်းထောင်ရာ ကြယ်တာရာ
  • များစွာရှိနော် သို့ပါသော်
  • အမှိုက်အမှောင် ကုန်စင်အောင်
  • ဖယ်ဆောင်ခြင်းငှာ မစွမ်းရာ။
  • ပုံပမာယူ ထိုနည်းတူ
  • ပညာရှိသူ တစ်ယောက်မူ
  • တစ်မူထူးခြား ဂုဏ်များပြား၏။
  • ပညာမဲ့ကား 
  • အရာမက
  • များပြားလှလည်း မမြတ်ဘဲ
  • တန်ဖိုးချင်းရာ မနှိုင်းသာ။   ။
  •                                              မုန်း မရှိ
အဓိပ္ပါယ်ရှိလှ မြတ်ဘဝ
  • ကာယ,ဉာဏ၊ ဓနအင်အား၊ ရှိပါငြားလျက်၊
  • သူတစ်ပါးအကျိုး၊ မသယ်ပိုဘဲ၊
  • ကိုယ်ကျိုးသာမျှ၊ သယ်ပိုးကြလျှင်၊
  • ဘဝအဓိပ္ပါယ်၊ ဆိတ်သုဉ်းကွယ်ဟု၊
  • တကယ်သိမြင်၊ ဉာဏ်နှင့်ယှဉ်လျက်၊
  • လူရှင်အကျိုး၊ တိုးထက်တိုးအောင်၊
  • အားကြိုးမာန်ပါ၊ သယ်ပိုးပါမှ၊
  • ရလာဘဝ၊ လွန်လှပ၍၊
  • ဘဝအဓိပ္ပါယ်၊ ပြည့်ဖြိုးကြွယ်မည်၊
  • တကယ်စွမ်းသမျှ သယ်ပိုးကြ။
  •                                                    အရှင်တိက္ခ(တောင်စွန်း)
Wednesday, June 10, 2015
မုသားမဆိုဝံ့သော ကိန္နရာ
               "မုသားမဆိုဝံ့သော ကိန္နရာ"
  • ပလေ_ပစာ၊ ထွေရာဆန်းပြား
  • တဖွားဖွားလည်း၊ စကားရတိုင်း
  • အပိုင်းမရှိ၊ ပြောမိပြောရာ
  • မပြောရာရှင့်။
  • ကိန္နရာစစ်၊ ငှက်မျိုးဖြစ်လျက်
  • ကျစ်လစ်သောအား၊ ကြောက်မုသားကြောင့်
  • စကားမသည်း၊ နှုတ်စောင့်စည်း၏။    (၂၁၂)
          ရှေးသရောအခါ မုဆိုးတစ်ယောက်သည် တောသို့သွား၍ ဥပယ်တမည်ဖြင့် ဖမ်းရာ ကိန္နရာဖိုနှင့် ကိန္နရာမကိုရ၍ မင်းအားဆက်သ၏။ မင်းကြီးသည် မမြင်ဘူးသော ကိန္နရာ ဖို-မကိုတွေ့ရလျှင် ဝမ်းမြောက်ဝမ်းသာရှိ၍ "ဤသူတို့၌ အဘယ်ဂုဏ်ကျေးဇူးရှိသနည်း"ဟုမေး၏။
                       "ဤသူတို့သည် သာယာစွာသော အသံဖြင့် သီလည်းသီတတ်ကုန်၏၊ ကလည်းကတတ်ကုန်၏"ဟု မုဆိုးက လျှောက်လျှင် ဆုလာဒ်များစွာပေး၍ ကိန္နရာ ဖို-မတို့ကို သီကရန်တိုက်တွန်း၏။ သို့သော်လည်း သူတို့သည် မသီကြ- မကကြ၊ တစုံတရာစကားလည်းမဆိုဘဲ ဆိတ်ဆိတ်နေကြ၏။
                      မင်းကြီးသည် အမျက်ထွက်၍ "သင်တို့သည် နတ်လည်းမဟုတ်၊ လူလည်းမဟုတ်၊ အမဲဟင်းလျာအဖြစ် မုဆိုးဆောင်ခဲ့သည်ဖြစ်သောကြောင့် တခုကိုညစာ တခုကိုနံက်စာ ချက်စေ"ဟုဆို၏။
                       ထိုအခါ ကိန္နရီမက- "မင်းကြီး မကောင်းစွာဆိုသော စကားတစ်သိန်းသည် ကောင်းစွာဆိုသော စကားတစ်ခွန်းကို ၁၆-စိတ် စိတ်၍ တစ်စိတ်ကိုမျှ မတူရာ၊ ထို့ကြောင့် မကာင်းသော မုသားစကား ဆိုမိမည်ကို ကြောက်၍ တိတ်တိတ်နေပါသည်"ဟုဆို၏။
                       မင်းကြီးသည် ထိုစကားကိုကြားလျှင် အလွန်နှစ်သက်သည်ဖြစ်၍ "ကိန္နရီမကို နေမြဲအရပ်မှာလွှတ်ချေ၊ ကိန္နရာဖိုကို နံက်စာ စားတော်အိမ်သို့ ပို့ချေ"ဟုဆို၏။
                       ထိုအခါ ကိန္နရာဖိုလည်း "မင်းကြီး နွားတို့သည် မြက်သစ်ရွက်ကို စားသောကြောင့် မြက်ကို ပေါက်စေတတ်သော မိုးသည် နွားတို့၏ ကိုးကွယ်ရာဖြစ်၏။ လူသည် နွားအရသာ ငါးပါးကိုမှီ၍ အသက်မွေးရသောကြောင့် နွားသည် လူတို့၏ ကိုးကွယ်ရာဖြစ်၏။ ထို့အတူ အကျွန်ုပ်သည် မယာ၏ ကိုးကွယ်ရာ ဖြစ်ပါသည်။ နှစ်ယောက်စုံလွှတ်ပါသော် တောသို့ သွားရပါအံ့။ မလွှဲသာ၍ သေရမှသာ ကျွန်ုပ်တို့နှစ်ယောက် ကွဲရပါမည်။ အသက်ရှင်လျက်မကွဲချင်ပါ။ အကယ်၍ ကိန္နရီမကို တောသို့ပို့ပါလျှင် ကျွန်ုပ်ကို ရှေးဦးစွာသတ်ပြီးမှပို့ပါ"ဟုဆို၏။
                        ကိန္နရာဖို၏ စကားကိုကြားလျှင် မင်းကြီးအလွန်တရာ နှစ်သက်စွာ၍ ကိန္နရာဖိုနှင့် ကိန္နရီမ နှစ်ဦးလုံး ရွှေချိုင့်၌နေစေလျက် ထိုမုဆိုးကိုပင်လျှင် ဖမ်းခဲ့သောအရပ်သို့ အရောက်ပို့စေလေသည်။