Wednesday, July 13, 2016

ပြင်ရခက်တဲ့အမှား


ပြင်ရခက်တဲ့အမှား
********************
ဝန်ချတောင်းပန်တာဟာ အပြစ်ကြေသွားတာ ဒီလိုပြောတာမဟုတ်ဘူးနော်၊ဒါ Confession လုပ်တာလို့ခေါ်တယ်၊ Confession-လုပ္တာဟာ အပြစ်တွေ ပြေသွားတာ ဒီလိုပြောတာမဟုတ်ဘူး၊ မွားခဲ့တဲ့အမွားက အမှားပဲ၊လုပ်မိပြီးသားက လုပ်မိပြီးသားပဲ။ဒါကိုပြင်တာမဟုတ်ဘူးဆိုတာ သဘောပေါက်ဖို့လိုတယ်။ကိုယ်လုပ်ခဲ့အမှားဟာ ပြင်မရတဲ့အမှားပဲ၊What's done, cannot be undone ဆိုသလိုပေါ့၊ What's done-လုပ်ခဲ့တဲ့အရာတစ်ခုဟာ Cannot be undone- မလုပ်ဘူးလို့ ဖြစ်အောင် လုပ်လို့မှ မရတာ။လုပ်ပြီးသားဟာ လုပ်ပြီးသားလေ ပြင်လို့မရဘူး။ပြင်လို့မရတဲ့အမှား၊ဘယ်အရာပဲ ဖြစ်ဖြစ် လုပ်ပြီးသားဟာ လုပ်ပြီးသားပဲ။သို့သော် သြကာသ ကန်တော့ကျိုးနဲ့ ကန်တော့ပြီးတော့ တောင်းပန်ရင် တစ်ချို့ကပြေတယ်လို့ထင်တယ်၊ဒီအပြစ်တွေ ပျောက်သွားတယ်လို့ထင်တာ။အပြစ်ပျောက်ခြင်းရဲ့ အကြောင်းတရားတော့ဖြစ်တယ်။အရေးကြီးတာဘာလဲဆိုတော့ ဘာကို ကုစားတာလဲဆိုတာသဘောပေါက်ဖို့ လိုတယ်။အဲ့လိုမဟုတ်ရင် ထိပ်-ခေါက်ပြီးမှ တောင်းပန်နေကြမှာပဲလေ။ထိပ်ခေါက်တာခေါက်ပြီးနေပြီလေ။ထိပ်-ခေါက်ပြီး တောင်းပန်လိုက်ကျေတယ်လို့ ဒီလိုထင်နေကြတာမဟုတ်ဘူး၊ အျပစ္က ဖြစ်သွားပြီ။ဖြစ်သွားတဲ့ အျပစ္ကို ပြင်တာလားဆိုတော့ မဟုတ္ဘူး။

အကုသိုလ္က နှစ်ခုရှိတယ်လို့မှတ်၊အာရမ်ဘဇ - လုပ်လို့ဖြစ်တဲ့ အကုသိုလ္ကတစ္ခု၊ အဲဒီ လုပ္ထားတဲ့ အကုသိုလ်ပေါ်မှာ စိတ်ထဲမှာ တပူပူ တနွေးနွေးဖြစ်နေတဲ့စိတ်ဆင်းရဲမှုတွေဖြစ်ပြီး သောကရောက်နေတာဟာ ဝိပ္ပဋိသာရဇ ၊ တောင်းပန်တယ်ဆိုတာက အဲ့ဒီ ဝိပ္ပဋိသာရဇ -
ဆိုတဲ့ အကုသိုလ္ကို ဖယ်တာ၊စိတ်ထဲမှာ ကြည်သွားပြီ တောင်းပန်လိုက်ပြီဆိုတဲ့ အခါမွာ အကုသိုလ္က ဆက်မပွားတော့ဘူး၊လုပ်ပြီးသားက ပြင်လို့မရဘူး။နောက်ထပ် ထပ်ဖြစ်နေမယ့်အရာကိုတားတယ်။ဒီသဘောပဲ။အကိုသိုလ်နှစ်ခုရှိတယ်လို့မှတ်ထား။လုပ်လို့ ဖြစ်တဲ့ အကုသိုလ္ကတစ္ခု- အဲ့ဒါကပြင်လို့ မရဘူး၊ဖြစ်ပြီးသားက ဖြစ်ပြီးသားပဲ၊ပြင်တာကဘာလဲဆိုတော့ အဲ့ဒီအပေါ်မှာ စိတ်ပူနေတာကို မပူရအောင်လို့ တောင်းပန်လိုက်တဲ့အခါမှာ လူတွေဟာ စိတ်ထဲမှာ အေးချမ်းသွားတယ်၊အဲဒီအေးချမ်းသွားမှုကို ဖြစ်စေတာကို ဆိုလိုတာဖြစ်တယ်၊အဲဒီတော့ တောင်းပန်ခြင်းက အကျိုးမရှိဘူးလားလို့ မေးလို့ရှိရင် တစ်ပိုင်းကအကျိုးရှိတယ်၊Confession -ဘာတုန်းဆိုတော့ စိတ်မပူတော့ဘူး၊ငါတောင်းပန်ပြီးပြီ၊စိတ်နှလုံးအေးချမ်းသွားပြီ၊အဲဒီတော့ အဲ့ဒီနောက်မှာ ကိုယ်ဆက်လုပ်ရမယ့် အလုပ်တွေ ရှိသေးတယ်၊ဘာတွေလဲဆိုတော့ တောင်းပန်ပြီးတဲ့နောက်မှာ အာယတိ ံ သံဝရံ အာပဇ္ဇတိ နောက်ထပ် မလုပ်တော့ပါဘူးဆိုတဲ့ ဝန္ခံကတိ၊Promise -ပေးရတယ်။ဘယ်တော့မှ ဒီအမှားမျိုးကို မကျူးလွန်တော့ပါဘူးဆိုပြီးတော့၊

ကျူးလွန်ခဲ့တဲ့အမှားကို နောင်တရပြီးတော့ ဒီအမွားကို ပြင်တယ်။ကောင်းတာတွေချည်းပဲ ဆက်လုပ်တယ်။ဆက်လုပ်သည့်အတွက်ကြောင့်ရေများရင် ရေနိုင်၊ မီးများရင် မီးနိုင်လုပ်ခဲ့တဲ့အမှားတစ်ခုကို ထပ်မလုပ်တဲ့အတွက်ကြောင့် အမွားကေတာ့ အမှားအတိုင်းပဲ ရှိတယ်။သို့သော်ကောင်းတာတွေကို ဆက်လုပ်သည့်အတွက်ကြောင့် အမွားဟာ Isolated ဖြစ်သွားတယ်။သူ့ကို ကောင်းတာတွေနဲ့ ရံပတ္ထားတဲ့အခါ သူ့ကို ဖွင့်မရတော့ဘူးလို့ ဒီလိုပြောတာနော်။ပျောက်သွားတာလို့ ပြောတာမဟုတ်ဘူး။အေး တော်ကြာကြတော့ ဒူးလေးထောက်ပြီးတော့ ခွင့်လွတ်တော်မူပါဆိုတာနဲ့ အကုန်လုံး ခွင့်လွတ်သွားတယ်မထင်နဲ့။ဒီလိုပြောတာ မဟုတ္ဘူး၊လြတ္သြားတာ ဘာလွတ်သွားတာလဲဆိုတော့ ဒီအတွက် စိတ်ပူပြီးတော့ ဖြစ်နေတဲ့ အကုသိုလ်တွေ လွတ်သွားတာ။နောက်ဆုံးမှာ အာယတိ ံ သံဝရ- နောင်မှာစောင့်စည်းပါမယ် စောင့်စည်းပါမယ်ဆိုတဲ့ Promise အရတကယ်စောင့်စည်းပြီးမှ နေလို့ ရှိရင် အကုသိုလ်တစ်ပိုင်းကို တားပြီးသားဖြစ်သွားတယ်။တားပြီးသား ဖြစ်တဲ့အတွက်ကြောင့် ကောင်းတာတွေချည်းလုပ်တဲ့အတွက်ကြောင့် ကောင်းတာတွေပဲ၊Chance ရပြီးတော့ မကောင်းတာတွေ Chanceမရဘူးဆိုတဲ့ အဓိပ္ပာယ်၊သူအကျိုးပေးဖို့ အခွင့်သာမှ ကံဆိုတာ အကျိုးပေးလို့ ရတာ။အခွင့်မသာရင် မရေတာ့ဘူး။ ဒါမျိုးကို ဆိုလိုတယ်လို့၊ တောင်းပန်တယ်ဆိုတာ အဲဒီလို အဓိပ္ပာယ်ရတယ်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဟောကြားတော်မူသောပြင်ရခက်တဲ့အမှား တရားတော်မှ
#AshinNandamalabhivamsa
ပြာသို နှင့် ကိုကျော်သင်း စာမျက်နှာမှတဆင့်ဖေါ်ပြပါသည်။

Tuesday, July 12, 2016

အတုယူထိုက်သူတစ်ဦး

လေးစားစရာ အမျိုးသ္မီးတစ်ဦး
သူ့နာမည်က - မခင်ဝင်း
နေစရာ ခြံမရှိ
သူတစ်ပါးခြံမှာ ကပ်နေရင်း
မီးဖိုချောင်သာသာ အိမ်ကလေးနဲ့
သ္မီးနှစ်ယောက်ကို လုံခြုံစွာထားခဲ့တယ်။
ဘဝအသိတွေပေး
မရွိဘဝက ရှိအလှတွေပေးရင်းနဲ့ပေါ့။
ဈေးတောင်းကို ခေါင်းပေါ်ရွက်
သ္မီးနှစ်ယောက် ဘဝမခက်ရဖို့
ရုန်းကန်ကြိုးစား မနားရရှာလည်း
သူ့မျက်နှာ အပြုံးပန်း
မညှိုးနွမ်းခဲ့ပါဘူး။
ကမ်ဘာပေါ်မှာ ငါပိုင်ဆိုင်ရာမြေကွက်
ခြေတစ်ဖဝါးစာပင် ပြရန်ခက်သော်လည်း
သ္မီးနှစ်ယောက်ပညာရေး ဆုံးခန်းတိုင်အောင်ပေးခဲ့တယ်။
ကံဆိုးမသြားရာ မိုးလိုက်လို့ရွာဆိုသလို
သူမဘဝ မလွပခဲ့ပါဘူး။
ဒီလိုဘဝထဲ ဆြံ,အ,နားမကြားဆိုတဲ့
သားလေးတစ်ယောက်က ဝင်လာရဲသေးတယ်နော်။
ဒါပေမယ့် သူမဘဝ စိတ်ဓာတ်မကျခဲ့ပါဘူး။
သားလေးအတွက်လည်း ကြိုးစားပေးခဲ့ရှာတယ်။
ခုတော့ သူမရဲ့ချွေးနဲ့ တည်ဆောက်ပေးခဲ့တဲ့
သ္မီားလေးတွေ လောကအလယ်
ရုပ်လုံးကြွယ်လို့နေပါပြီ။

ဖြစ်ရပ်မှန်လေးဖြစ်သည့်အတွက် ကာယကံရှင်များ ကျေနပ်မှုမရှိပါက တောင်းပန်အပ်ပါသည်။

                                                                                         လေးစားစွာဖြင့် မုန်း မရွိ


Tuesday, June 28, 2016

အောင်နိုင်ခြင်းတရား ၅ ပါး

အောင်နိုင်ခြင်းတရား ၅-ပါး။
ဓမ္မပဒ ။ ဋ္ဌ။ ဒု-အုပ်။ ၆၆- ၂၁၂။ မိလိန္ဒပဥှာပါဠိတော် ၁၂၁-တို့၌ အကျယ်ရှုပါ။ မြတ်စွာဘုရားသခင်ဟောတော်မူသည်။
(၁) အ ကောဓေန ကောဓံ ဇိနာတိ- ဒေါသအမျက်ထွက်နေသူကို အမျက်မထွက်သဖြင့် အောင်နိုင်ခြင်း။
(၂) အ သာဓုံ သာဓုနာ ဇိနာတိ- မကောင်းယုတ်မာသူကို ကောင်းသဖြင့်အောင်နိုင်ခြင်း။
(၃) ကဒိရိယံ ဒါနေန ဇိနာတိ- စေးနှဲ၀န်တိုသူကို ပေးကမ်းခြင်းဖြင့်အောင်နိုင်ခြင်း။
(၄) အလိကံ သစေ္စန ဇိနာတိ- မဟုတ်မမှန် ဖေါက်ပြန်ချွတ်ယွင်း သစ္စာကင်းသောသူကို မှန်ကန် တော်ဖြောင့်ခြင်းဖြင့်အောင်နိုင်ခြင်း။
(၅) သဗ္ဗ အကုသလံ ကုသေလန ဇိနာတိ- ခပ်သိမ်းသော အကုသလဓမ္မ ပါပအမှုကို ကုသိုလ်တရားဖြင့်အောင်နိုင်ခြင်း။

Monday, June 13, 2016

ထက်မြတ်သူနဲ့ ညံ့ဖျင်းသူ


ထက်မြတ်သူနဲ့ ညံ့ဖျင်းသူ

ထက်မြတ်သူက နားထောင်ကောင်းသူတစ်ဦးဖြစ်တယ်။
ညံ့ဖျင်းသူက မပြတ်ညည်းတွားတိုင်တန်းတယ်။

ထက်မြတ်သူက သင့်လျှော်တဲ့အချိန်မှာ တုံးအချင် ဟန်ဆောင်တယ်။
ညံ့ဖျင်းသူက ဘယ်အချိန်ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုထက်မြတ်သူလုပ်ပြီး ဂုဏ်ဖော်တယ်။

ထက်မြတ်သူက ဘဝရဲ့အသေးစိတ်အချက်အလက်ကို မှတ်သားတယ်။
ညံ့ဖျင်းသူက တစ်ဖက်သားရဲ့အားနည်းချက်တိုင်းကို မှတ်သားတယ်။

ထက်မြတ်သူက ကိုယ့်ကိုယ်ကို ဟာသလုပ်တယ်။
ညံ့ဖျင်းသူက တစ္ဖက္သားကို ဟာသလုပ်တယ်။

ထက်မြတ်သူက ဆင်းရဲနွမ်းပါးချိန်မှာလည်း အိနြေ္ဒထိန်းနိုင်တယ်။
ညံ့ဖျင်းသူက ချမ်းသာကြွယ်ဝချိန်မှာ ဝင့်ကြွားဂုဏ်မောက်တယ်။

ထက်မြတ်သူက အချစ်ဆုံးရှုံးသွားလည်း ကိုယ်ကိုယ်တိုင် မဆုံးရှုံးအောင်နေတယ်။
ညံ့ဖျင်းသူက အချစ်ဆုံးရှုံး/မဆုံးရှုံးလည်း ကိုယ့်ကိုယ်ကို အမြဲဆုံးရှုံးတယ်။

ထက်မြတ်သူက မကောင်းတဲ့အတိတ်ကို လက်လွှတ်ပြီး ရှေ့ကိုခရီးဆက်တယ်။
ညံ့ဖျင်းသူက အတိတ်မှာတင် နစ်ပြီး အနာဂတ္ကို လျစ်လျူရှုတယ်။

ထက်မြတ်သူက တခြားသူရဲ့အစွမ်းအစကို အောက်ကျို့သင်ယူတယ်။
ညံ့ဖျင်းသူက တခြားသူရဲ့ရှေ့မှာ ကိုယ့်အစွမ်းအစကို ကြွားဝါတယ်။

ထက်မြတ်သူက သင်ယူဖို့ရာအားသန်တယ်။ ကိုယ့်လောက်မသိသူဆီကလည်း သင်ယူဖို့ဝန်မလေးဘူး။
ည့ံဖျင်းသူက လူတွေနဲ့အမြဲငြင်းခုန်တယ်။ ကိုယ့်လောက် မသိသူနဲ့လည်း ငြင်းခုန်ရန်ဖြစ်တယ်။

ထက်မြတ်သူက ပေးဆပ်ဖို့နားလည်တယ်။ ည့ံဖျင်းသူက ရယူဖို့ပဲကြံတယ်။

ထက်မြတ်သူက အရှုံးထဲက အတွေ့အကြုံ၊ သင်ခန်းစာကိုယူတယ်။
ညံ့ဖျင်းသူက အရှုံးထဲကနေ ကိုယ့်ကိုယ်ကို လက်လွတ်ဆုံးရှုံးတယ်။

ထက်မြတ်သူက ကိုယ့်စိတ်ကူးအိပ်မက်တွေ အကောင်အထည် မပေါ်မချင်း ကြံ့ကြံ့ခံတယ်။
ညံ့ဖျင်းသူက ဘာလုပ်လုပ် ဇွဲလုံ့လမရှိဘူး။

ထက်မြတ်သူက ဘယ်အချိန်မှာစတင်မယ်၊ ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကို သိတယ်။
ညံ့ဖျင်းသူက မရေမရာချိန်မှာစတင်ပြီး ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကို နားမလည်ဘူး။

ထက်မြတ်သူက မွေးရာပါ ပါရမီတစ်ဝက်ရှိလည်း ကျန်တစ်ဝက်ကို ကျင့်ယူရတယ်ဆိုတာကိုနားလည်တယ်။
ညံ့ဖျင်းသူက မွေးရပါ ပါရမီရှိလည်း နောက်ပိုင်းမှာ တုံးအ-ညံ့ဖျင်းသွားအောင်ကျင့်တယ်။




Credit-နိုင်းနိုင်းစနေ

Friday, June 10, 2016

အေတြး


အေတြး
ဘာထရန်ရပ်ဆဲက လူဟာ တွေးဖို့သိပ်ကြောက်ကြတယ်။ ဉာဏ္ပဋိဆိုတာ လောကကို ကြည့်တတ်ခြင်းအပြင် မိမိရဲ့လောကအမြင်ကို မိမိကိုယ်တိုင်ပြန်လည်ကြည့်မြင်တတ်ခြင်းလို့ဆိုရင် တွေးဖို့သိပ်မကြောက်သင့်ဘူး။

ကျွန်တော်တို့တွေဟာ တွေးဖို့ကြောက်သလား။ တွေးတယ်ဆိုတာဟာ ပြဿနာတစ်ခုဖြေရှင်းဖို့ ဒါမှမဟုတ် သင်္ချာပုစၧာတွက်ဖို့ပဲ သုံးတဲ့အရာလို့ထင်နေကြပါသလား။ ရေခဲမုန့်စားရမလား၊ ဘာယာကြော်စားရမလား ဒါလည်းအတွေးပါပဲ။ ပိုးမင်းသား ဘာဖြစ်သွားမလည်းဆိုတာလည်း တွေးရတာပဲ။ ရယ်စရာပြောဖို့အတွက်လည်း တွေးရတာပဲ။ တွေးတယ်ဆိုတာ မိုကခရိုစကုဒ် (သို့) မှန်ပြောင်းနဲ့လျှောက်ကြည့်ရတာ ဒါမှမဟုတ် ဝက်အူလှည့်နဲ့ရစ်ဖောက်နေတာပဲဖြစ်တယ်။

တွေးခြင်းနှင့်ပက်သက်သော ဒီဘိုနို၏အယူအဆများ
ဒီဘိုနိုးရဲ့ အတွေးတချို့ကို မိတ်ဆက်ပါရစေ။ ဉာဏ်ရည်(IQ)မြင့်မှ တွေးလို့ရတာ မဟုတ်ပါဘူး။ အိုင်ကျူ၈၀သာရှိသောကလေးတွေလည်း ကောင်းကောင်းတွေးတတ်ပါတယ်။ အတွေ့အကြုံရှိသူသည်လည်း အတွေးအခေါ်ကောင်းသူဖြစ်သည်။ ဉာဏ်ရည်မြင့်ကာမျှနှင့်အတွေးအခေါ်ကောင်းသူ မဖြစ်သွားနိုင်ပါ။ အိုင်ကျူမြင့်သူ၊ ဉာဏ်ရည်မြင့်သူများသည် အမှားအယွင်းလုပ်မိမှာ ကြောက်သောသူများဖြစ်လျှင် ခပ်ညံ့ညံ့အတွေးအခေါ်သမား ဖြစ်သွားနိုင်သည်။ ဝေဖန်နိုင်စွမ်းဉာဏ်ကို စာသင်ကျောင်းများတွင် အမြင့်မားဆုံးအသုံးချဟူသည်ဖြစ်သောကြောင့် လေ့ကျင့်ပေးရသည်။
ဝေဖန်ခြင်းအလုပ်သည် ပညာတတ်တို့အတွက် သိပ်မခက်လှသောအလုပ်ဖြစ်သည်။ ဖန်ဆင်းဉာဏ်မရှိသော၊ မတည်ဆောက်တတ်သော၊ သာမြင်ညောင်ညမျှဉာဏ်ရှိသူများသည်လည်း ဝေဖန်ခြင်းကို ပြုလုပ်နိုင်သည်။ ပေါင်းပင်မြက်ပင်များကို နုတ်ပစ်ခြင်းအားဖြင့် ပန်းဥယျာဉ်တစ်ခု ခင်ဗျားပြုလုပ်မရနိုင်ပါ။ တကယ်တော့ ဥယျာဉ်တစ်ခုဖြစ်ရန် သစ်ပင်ပန်းပင်များစိုက်ပျိုးရန်လိုအပ်ပေသည်။ ပြုစုစောင့်ရှောက်ရအုံးမည်။ အကြံအဉာဏ်တစ်ခုကို ၎င်း၏ဆယ်ပုံတစ်ပုံကို မကောင်းသောကြောင့် လွင့်ပစ်ရသည်။ ဆယ်ပုံကိုးပုံ ကောင်းသည်ကို မေ့လျော့နေတတ်ကြသည်။

ဝီကီပီးဒီးယား မိုလ်ဘိုင်မှ ကူယူသည်
https://my.m.wikipedia.org

Tuesday, June 7, 2016

ဂုံးသမား



ဂုံးသမား

ယွင်းချွတ်ကျင့်မူ၊ ထိုဂုံးလူထက်
ခိုးသူနှင့်စုန်း၊ ချင့်နှုန်းဌာန
နေရာချ၍၊ မ,စ-စောင့်ရှောက်
ချီးမြှောက်သဖြင့်၊ ထားသော်သင့်၏။
ယခင်လူမျိုး၊ ကျင့်ဆိုးလွန်းစွာ
ယုတ်မာသဘော၊ ချောလျောတတ်သူ
လူမကောင်းကား၊ ဥကေ္ခာင်းကိုဖြတ်
သတ်၍ပြီးလျက်၊ အုန်းသီးဖြစ်အောင်
ဂုံးတိုက်ဆောင်ဟု၊ လူ့ဘောင်ရှေးက
ပေါရာဏသို့၊ ပြောကြပုံသေ
ထင်ရှားပေ၏။


         ရှေးသောအခါ ဒွါရာဝတီပြည်၌ မဟာကံသမင်းကြီး မင်းပြု၏။ တစ်ရံသောအခါ ဂင်္ဂါမြစ်အညာ၌နေသော တိုင်းနိုင်ငံမှ မင်းသည် ခိုးသူတစ်ဦး,စုန်းမတစ်ဦးနှင့် ဂုံးသမားတစ်ဦးကို ဖောင်ဖွဲ့ပြီး မျှောလိုက်၏။ ထိုသုံးယောက်တို့သည် ဒွါရာဝတီဆိပ်ကမ်းသို့ ရောက်လာရာ မင်းကြီးသည် မေးစီစစ်ပြီး ခိုးသူနှင့် စုန်းမကို နောင်အခါ မခိုးမဝှက် မဖမ်းစားစေရန် လုံလောက်စွာပေး၍ မိမိနိုင်ငံမှာပင်နေစေ၏။
         ဂုံးသမားကိုကား အရှင်ထား၍မလျော်၊ သေစေမှ သင့်မည်ဟု ဆိုသောကြောင့် လက်မရွံ့တို့သည် ထုတ်၍သတ်ကြ၏။ သတ်ပြီးနောက်တစ်နေ့၌ မင်းချင်းတစ်ယောက်ကို သွား၍ကြည့်ချေဟု စေသောကြောင့် သွား၍ကြည့်သော် ဂုံးသမားအကောင်က ခေါင်းထောင်၍ ဟယ်-ယောက်ဖ နင်တို့မင်းကြီး ငါ့ကိုကြောက်လျှင် ငါ့ထံသို့ လာခဲ့စေ၊ မလာလျှင် ငါလာ၍ ယူမည် ပြောလိုက်ဘိဟု ဆို၏။
         မင်းချင်းယောကျ်ားလည်း ထိုစကားကို မင်းကြီးအား လျှောက်တင်သော် မင်းကြီးက လူသေစကားဆိုသည်ကို ငါမကြားဘူး၊ ဤက လူနှစ်ယောက် ခေါ်၍သွားချေဟု စေပြန်၏။
         အဖော်နှင့်လာသောအခါ ဂုံးသမား စကားမဆိုဘဲ ငြိမ်သက်စွာနေ၏။ ထိုသူတို့ပြန်၍ မင်းကြီးအား စကားမဆိုကြောင်းကို လျှောက်လျှင် အရင်သွားသော မင်းချင်းအား နင်သည် ငါ့ကို ချောက်၍ လျှောက်ရာသလောဟု သတ်စေပြန်၏။ သေဖော်ရသောအခါမှ ဂုံးသမားအကောင်က ခေါင်းထောင်၍ ဘယ့်နှယ်ရှိစဟု ဆိုပြန်၏။
         ဤအကြောင်းကို မင်းကြီးအား လျှောက်ကြားသော် ချင့်အကောင်ကို လူမြင်အောင်ထား၍ မသင့်၊ မြေမြှုပ်ပေတော့ဟု အမိန့်ပေး၍ မြှုပ်ရ၏။ ထိုမြှုပ်ရာမှ သစ်ပင်ပေါက်လာသော် ဂုံးပင်ဟု ခေါ်ကြ၏။ ကာလရှည်လျား၍ ယခုအခါမွ အုန်းပင်ဟု ခေါ်ကြလေသည်။


မဟာသုတကာရီ လမ်းညွှန်နီတိ


 
ပျော်ရွှင်ပါစေ






Monday, June 6, 2016

ဗျိုင်းဆရာ


            ဗျိုင်းဆရာ

တစ်ရံရောခါ ရေအိုင်မှာ
     ငွေဗျိုင်းအစာရှာ၊
     မြန်မကြာ ငါးကိုရ
     ငွေဗျိုင်းပျော်ရွှင်လှ။
ပျော်ရွှင်လှလို့ သူ့အစာ
     ချက်ချင်းမစားပါ၊
     ညင်သာစွာ မြှောက်ကစား
     သူ့နှုတ်သီးနဲ့ ဖမ်းလို့ထား။
ထူးခြားလှတဲ့ သူ့မူရာ
     လုလင်တစ်ဦး တွေ့သောခါ၊
     အားက်ကာ ဗျိုင်းအလား
     ပါးစပ္ဖ်ားမွာ တုတ်နဲ့ကစား။
တုတ်နဲ့ကစားလို့ ကျွမ်းကျင်လာ
     လှံဖြင့်လေ့ကျင့်ရာ၊
     ကျွမ်းကျင်စွာ သူတတ်မြောက်
     ပါးစပ္ဖ်ားမွာ လှံကိုမြှောက်။
အံ့လောက်ဖွယ်ရာ သူ့ပညာ
     ရွာလုံးမြို့လုံး နှံ့သိလာ၊
     မြန်မကြာ နန်းတော်ရောက်
     ဘုရင့်ရှေ့တော်မှောက်။
ရှေ့တော်မှောက်တွင် မောင်လုလင်
     ပြသသူ့စွမ်းအင်၊
     နှုတ်ဖျားတွင် လွံကစား
     သွားဖြူဖြူနဲ့ ကိုက်လို့ထား။
😨ဆန်းပြားလှတဲ့ သူ့ပညာ
     ဘုရင် အံ့လွစြာ၊
     ချီးမြှောက်ကာ ဆုလာဘ်ပေး
     သူ့ဆရာကို ဘုရင်မေး။
🙈မေးသောခါတွင် မောင်လုလင်
     ဗျိုင်းဆရာကို မဖော်ချင်၊
     ထုတ်ဖော်လျှင် ဂုဏ္ငယ္ဘိ
     မိုက်မဲစွာပင် ယူမှတ်၏။
🙏ဆရာမရွိ သူဖြေကာ
     ဝင့်ဝါမောက်ကြွား သူလိမ္ညာ၊
     ဗျိုင်းဆရာကို ကာပြန်ခဲ့
     သူလျှင်ကျေးဇူးမဲ့။
ကျေးဇူးမဲ့၍ မြန်မကြာ
     လှံရေးပြသရာ၊
     သည်အခါ သေပုံထူး
     သူ့အာခေါင်ကို လှံချွန်စူး။ ။
မင်းယုဝေ

လက်တွေ့ညွှန်ပြ မြတ်ဗုဒ္ဓ

လက်တွေ့ညွှန်ပြ မြတ်ဗုဒ္ဓ

 လူတို့နေရာ၊ လူ့ခန်းဝါ၌၊ ကံပေးဥစ္စာ၊ ရှိလာပြန်လည်း၊
     အပျင်းထူငြား၊ ပုဂ္ဂိုလ်များ၏၊ ပစ္စည်းဥစ္စာ၊ ရတနာသည်၊
     လုံ့လကောင်းငြား၊ ပုဂ္ဂိုလ်များထံ၊ မလွဲတစ်ဖန်၊ ရောက်ရပြန်၏။
 လူတို့နေရာ၊ လူ့ခန်းဝါ၌၊ ကံပေးဥစ္စာ၊ ရှိလာပြန်လည်း၊
     စောင့်ရှောက်လုံခြုံ၊ မရှိတုံငြား၊ ပုဂ္ဂိုလ်များ၏၊ ပစ္စည်းဥစ္စာ၊ ရတနာသည်၊
     စောင့်ရှောက်ကောင်းငြား၊ ပုဂ္ဂိုလ်များထံ၊ မလွဲတစ်ဖန်၊ ရောက်ရပြန်၏။
 လူတို့နေရာ၊ လူ့ခန်းဝါ၌၊ ကံပေးဥစ္စာ၊ ရှိလာပြန်လည်း၊
     သစ္စာပျက်ယွင်း၊ မိတ်ကောင်းကင်းငြား၊ ပုဂ္ဂိုလ်များ၏၊
     ပစ္စည်းဥစ္စာ၊ ရတနာသည်၊ သက်မွေးမျှတ၊ ရှိကြလေငြား၊ ပုဂ္ဂိုလ်များထံ၊
     မလွဲတစ်ဖန်၊ ရောက်ရပြန်၏။
 အို-ပြည်ထောင်စုသား၊ သွေးရင်းများတို့၊ လေးပါးသမ္ပဒါ၊ မရွိပါ၍၊
     ဘာသာခြားထံ၊ အညံ့ခံလျက်၊ အိမ်ရောင်းမြေရောင်း၊ သမီးရောင်းနှင့်၊
     ရောင်းပေါင်းများစွာ၊ ရောင်းနေပါ၏။
 ရောင်းပေါင်းများစွာ၊ ရောင်းကြပါသော်၊ နောင်ရေးနောင်လာ၊ နောင်အခါဝယ်၊
     အမျိုးဘာသာ၊ သာသနာကို၊ ကာကွယ်စောင့်ရှောက်၊ စွမ်းအားပျောက်၍၊
     သေဘာက္ဘဝ၊ ရောက်ရအမှန်၊ ဧကန်ဖြစ်မည် မလွဲတည်း။

အရှင်တိက္ခ(တောင်စွန်း)

ပျော်ရွှင်ပါစေ

Sunday, June 5, 2016

အိုးမလုံအုံပွင့်

အိုးမလုံအုံပွင့်

         တစ်နေ့တွင် သူကြီးသား လူ့ဘော်ကြော့လေးတစ်ဦးသည် ပွဲခင်းရှိရာ ရွာနီးချုပ်စပ်သို့အသွား လမ်းခရီး ဆီးပင်အောက် အရောက်တွင် အရည်ရွှန်းလဲ့ဝင်းမှည့် ကြွေကျနေသော ဆီးသီးတစ်လုံးကို တွေ့ပြီး သူကြီးသား ဟန်မဆောင်နိုင်ဘဲ ကောက်ယူစားမည်အပြု ကံမကောင်း အကြောင်းမလှ ဆီးသီးက နွားချေးပုံပေါ် ရောက်နေသည်။ စားရခက်၊ ထားခဲ့ရအခက်နှင့် ဣနြေ္ဒမဆည်နိုင်၊ ဘေးဘီဝဲယာကြည့်၍ ဆီးသီးကို ပုဆိုးစနှင့် သန့်ရှင်းလျက် စားလိုက်၏။ ဇာတ်ပွဲကြည့်နေချိန် အငြိမ့်မင်းသ္မီးမှ ပြောလိုက်ရမလားရှင့် ကျွန်မသိတာတွေ ဟုဆိုပြီး ကေနရာ သူကြီးသားခင်ဗျာ မနေသာတော့ဘဲ မလုံမလဲနှင့် ဆုတော်ငွေ ချီးမြှင့်သည်ဆို၏။ ဇာတ်မင်းသမီးက အကြိမ်ကြိမ်ဆိုလိုက်၊ ကလိုက်၊ သူကြီးသားကလည်း ဆုငွေပေးလိုက်နှင့် နောက်ဆုံးတွင် ငွေလဲကုန် စိတ်လဲဆိုးလာပြီး ပြောလိုက်တော့ဟေ့.. ပြဲအလာ နွားချေးပုံပေါ်က ဆီးသီးကို ငါစားလာခဲ့တယ်၊ ဘာဖြစ်လဲဟေ့ဟု အော်ဟစ်ပြောဆိုကာ ပွဲခင်းထဲမှ ထွက်လာခဲ့လေသည်။

မှတ်ချက်။ ။ မိမိက လူသိမခံချင်သော အမှုတစ်ခုခုကို ပြုထားမိပါက ထိုအမှုနှင့်ဆက်စပ်မှုရှိသော စကားကိုကြားရသည့်အခါ မိမိကိုပြောနေသလားဟု မှတ်ထင်ကာ မလုံမလဲဖြစ်တတ်သည်။

အောင်ကျော်ညို(ဆင်ချဆိပ်)


ပျော်ရွှင်ကြည်နူးနိုင်ပါစေ။







Saturday, June 4, 2016

မနက်ဖန်အတွက်

မနက်ဖန်အတွက်

တစ်နေ့တာရဲ့
မဝေးကွာသေးတဲ့
နွေးထွေးဆဲလှုပ်ရှားမှုများ။
အိပ်ယာထဲဝင်
နဖူးပေါ်လက်တင်
ဖန်သားပြင်ပေါ်က ရုပ်ပုံပမာ
တစ်လွှာစီဖြန့်ကြည့်။
ဘဝအသိနဲ့ယှဉ်
တရားသတိနဲ့မြင်
အမှားရှိရင် ပြုပြင်
ဆင်ခြင်စရာတွေရွေးထုတ်
(မနက်ဖန်မှာ)
ပိုပြီးကောင်းအောင်လုပ်။
တင်ဝင်းမောင်(အောင်လံ)

ပျော်ရွှင်ချမ်းမြေ့ပါစေ