လက်တွေ့ညွှန်ပြ မြတ်ဗုဒ္ဓ
လူတို့နေရာ၊ လူ့ခန်းဝါ၌၊ ကံပေးဥစ္စာ၊ ရှိလာပြန်လည်း၊
အပျင်းထူငြား၊ ပုဂ္ဂိုလ်များ၏၊ ပစ္စည်းဥစ္စာ၊ ရတနာသည်၊
လုံ့လကောင်းငြား၊ ပုဂ္ဂိုလ်များထံ၊ မလွဲတစ်ဖန်၊ ရောက်ရပြန်၏။
လူတို့နေရာ၊ လူ့ခန်းဝါ၌၊ ကံပေးဥစ္စာ၊ ရှိလာပြန်လည်း၊
စောင့်ရှောက်လုံခြုံ၊ မရှိတုံငြား၊ ပုဂ္ဂိုလ်များ၏၊ ပစ္စည်းဥစ္စာ၊ ရတနာသည်၊
စောင့်ရှောက်ကောင်းငြား၊ ပုဂ္ဂိုလ်များထံ၊ မလွဲတစ်ဖန်၊ ရောက်ရပြန်၏။
လူတို့နေရာ၊ လူ့ခန်းဝါ၌၊ ကံပေးဥစ္စာ၊ ရှိလာပြန်လည်း၊
သစ္စာပျက်ယွင်း၊ မိတ်ကောင်းကင်းငြား၊ ပုဂ္ဂိုလ်များ၏၊
ပစ္စည်းဥစ္စာ၊ ရတနာသည်၊ သက်မွေးမျှတ၊ ရှိကြလေငြား၊ ပုဂ္ဂိုလ်များထံ၊
မလွဲတစ်ဖန်၊ ရောက်ရပြန်၏။
အို-ပြည်ထောင်စုသား၊ သွေးရင်းများတို့၊ လေးပါးသမ္ပဒါ၊ မရွိပါ၍၊
ဘာသာခြားထံ၊ အညံ့ခံလျက်၊ အိမ်ရောင်းမြေရောင်း၊ သမီးရောင်းနှင့်၊
ရောင်းပေါင်းများစွာ၊ ရောင်းနေပါ၏။
ရောင်းပေါင်းများစွာ၊ ရောင်းကြပါသော်၊ နောင်ရေးနောင်လာ၊ နောင်အခါဝယ်၊
အမျိုးဘာသာ၊ သာသနာကို၊ ကာကွယ်စောင့်ရှောက်၊ စွမ်းအားပျောက်၍၊
သေဘာက္ဘဝ၊ ရောက်ရအမှန်၊ ဧကန်ဖြစ်မည် မလွဲတည်း။
အရှင်တိက္ခ(တောင်စွန်း)
ပျော်ရွှင်ပါစေ
No comments:
Post a Comment