Saturday, June 4, 2016

မနက်ဖန်အတွက်

မနက်ဖန်အတွက်

တစ်နေ့တာရဲ့
မဝေးကွာသေးတဲ့
နွေးထွေးဆဲလှုပ်ရှားမှုများ။
အိပ်ယာထဲဝင်
နဖူးပေါ်လက်တင်
ဖန်သားပြင်ပေါ်က ရုပ်ပုံပမာ
တစ်လွှာစီဖြန့်ကြည့်။
ဘဝအသိနဲ့ယှဉ်
တရားသတိနဲ့မြင်
အမှားရှိရင် ပြုပြင်
ဆင်ခြင်စရာတွေရွေးထုတ်
(မနက်ဖန်မှာ)
ပိုပြီးကောင်းအောင်လုပ်။
တင်ဝင်းမောင်(အောင်လံ)

ပျော်ရွှင်ချမ်းမြေ့ပါစေ

No comments:

Post a Comment