Friday, June 10, 2016

အေတြး


အေတြး
ဘာထရန်ရပ်ဆဲက လူဟာ တွေးဖို့သိပ်ကြောက်ကြတယ်။ ဉာဏ္ပဋိဆိုတာ လောကကို ကြည့်တတ်ခြင်းအပြင် မိမိရဲ့လောကအမြင်ကို မိမိကိုယ်တိုင်ပြန်လည်ကြည့်မြင်တတ်ခြင်းလို့ဆိုရင် တွေးဖို့သိပ်မကြောက်သင့်ဘူး။

ကျွန်တော်တို့တွေဟာ တွေးဖို့ကြောက်သလား။ တွေးတယ်ဆိုတာဟာ ပြဿနာတစ်ခုဖြေရှင်းဖို့ ဒါမှမဟုတ် သင်္ချာပုစၧာတွက်ဖို့ပဲ သုံးတဲ့အရာလို့ထင်နေကြပါသလား။ ရေခဲမုန့်စားရမလား၊ ဘာယာကြော်စားရမလား ဒါလည်းအတွေးပါပဲ။ ပိုးမင်းသား ဘာဖြစ်သွားမလည်းဆိုတာလည်း တွေးရတာပဲ။ ရယ်စရာပြောဖို့အတွက်လည်း တွေးရတာပဲ။ တွေးတယ်ဆိုတာ မိုကခရိုစကုဒ် (သို့) မှန်ပြောင်းနဲ့လျှောက်ကြည့်ရတာ ဒါမှမဟုတ် ဝက်အူလှည့်နဲ့ရစ်ဖောက်နေတာပဲဖြစ်တယ်။

တွေးခြင်းနှင့်ပက်သက်သော ဒီဘိုနို၏အယူအဆများ
ဒီဘိုနိုးရဲ့ အတွေးတချို့ကို မိတ်ဆက်ပါရစေ။ ဉာဏ်ရည်(IQ)မြင့်မှ တွေးလို့ရတာ မဟုတ်ပါဘူး။ အိုင်ကျူ၈၀သာရှိသောကလေးတွေလည်း ကောင်းကောင်းတွေးတတ်ပါတယ်။ အတွေ့အကြုံရှိသူသည်လည်း အတွေးအခေါ်ကောင်းသူဖြစ်သည်။ ဉာဏ်ရည်မြင့်ကာမျှနှင့်အတွေးအခေါ်ကောင်းသူ မဖြစ်သွားနိုင်ပါ။ အိုင်ကျူမြင့်သူ၊ ဉာဏ်ရည်မြင့်သူများသည် အမှားအယွင်းလုပ်မိမှာ ကြောက်သောသူများဖြစ်လျှင် ခပ်ညံ့ညံ့အတွေးအခေါ်သမား ဖြစ်သွားနိုင်သည်။ ဝေဖန်နိုင်စွမ်းဉာဏ်ကို စာသင်ကျောင်းများတွင် အမြင့်မားဆုံးအသုံးချဟူသည်ဖြစ်သောကြောင့် လေ့ကျင့်ပေးရသည်။
ဝေဖန်ခြင်းအလုပ်သည် ပညာတတ်တို့အတွက် သိပ်မခက်လှသောအလုပ်ဖြစ်သည်။ ဖန်ဆင်းဉာဏ်မရှိသော၊ မတည်ဆောက်တတ်သော၊ သာမြင်ညောင်ညမျှဉာဏ်ရှိသူများသည်လည်း ဝေဖန်ခြင်းကို ပြုလုပ်နိုင်သည်။ ပေါင်းပင်မြက်ပင်များကို နုတ်ပစ်ခြင်းအားဖြင့် ပန်းဥယျာဉ်တစ်ခု ခင်ဗျားပြုလုပ်မရနိုင်ပါ။ တကယ်တော့ ဥယျာဉ်တစ်ခုဖြစ်ရန် သစ်ပင်ပန်းပင်များစိုက်ပျိုးရန်လိုအပ်ပေသည်။ ပြုစုစောင့်ရှောက်ရအုံးမည်။ အကြံအဉာဏ်တစ်ခုကို ၎င်း၏ဆယ်ပုံတစ်ပုံကို မကောင်းသောကြောင့် လွင့်ပစ်ရသည်။ ဆယ်ပုံကိုးပုံ ကောင်းသည်ကို မေ့လျော့နေတတ်ကြသည်။

ဝီကီပီးဒီးယား မိုလ်ဘိုင်မှ ကူယူသည်
https://my.m.wikipedia.org

No comments:

Post a Comment