"ယနေ့ခေတ်ဆယ်ကျော်သက်လူငယ်များ
ပြုမူလုပ်ဆောင်နေသည့် အမူအကျင့်(၁၀)ခု"
ယနေခေတ်ကာလ၌ နည်းပညာများထွန်းကားလာခြင်းသည် လူ့အဖွဲ့အစည်းအတွက် ကောင်းသောလက္ခဏာ တစ်ရပ်ဖြစ်သကဲ့သို့ တိုးတက်မှု ပြယုဂ်တစ်ခုလည်းဖြစ်သည်။ သို့သော် အဆိုးနှင့်အကောင်းသည် ဒွန်တွဲပါလာတတ်စမြဲဖြစ်ရာ မျက်မှောက်ခေတ် ခေတ်မီဆန်းသစ်သည့် ပစ္စည်းကိရိယာများသည် လူငယ်များအတွက် အတိုင်းအတာတစ်ခုအထိ ဆိုးကျိုးသက်ရောက်စေသည့် အမူအကျင့်များကိုလည်း ဖြစ်ပေါ်စေသည်။ ထို့အပြင် အချို့သောပစ္စည်းကိရိယာများ၊ ထုတ်ကုန်ပစ္စည်းများသည် လူငယ်ထုအတွက် အဓိကပစ်မှတ်ထား ထုတ်လုပ်သည်များလည်းရှိသည်။ တိုးတတ်ပြောင်းလဲလာသည့် လူနေမှုခေတ်စနစ်နှင့်အညီ ဆယ်ကျော်သက်လူငယ်များအကြား ပြုမူလုပ်ဆောင်လာသည့် အမူအကျင့်စရိုက်လက္ခဏာ(၁၀)ခုကို လေ့လာတင်ပြပါမည်။
၁။ လူမှုရေးဝက်ဘ်ဆိုက်စာမျက်နှာများပေါ်တွင် အချိန်ကုန်နေခြင်း
၂။ မိုဘိုင်းဖုန်း အလွန်အကျွံ သုံးစွဲပြောဆိုခြင်း
၃။ နောက်ဆုံးပေါ် ပစ္စည်းကိရိယာများ ဝယ်ယူလိုစိတ် ပြင်းထန်ခြင်း
၎။ ဗီဒီယိုဂိမ်း အလွန်အကျွံ ကစားခြင်း
၅။ ငယ်ငယ်ရွယ်ရွယ်နှင့် အကျင့်စရိုက်ဆိုးများ ဝင်လာခြင်း
၆။ ငယ်ငယ်ရွယ်ရွယ်နှင့် ရည်းစားထားခြင်း
၇။ ညကပွဲများတွင် အလွန်အကျွံ ပါဝင်ဆင်နွဲခြင်း
၈။ ခေတ်ပေါ် ဝတ်စားဆင်ယင်မှုကို အရူးအမူးဖြစ်ခြင်း
၉။ ရုပ်သံဝါသနာအိုးများ ဖြစ်လာခြင်း
၁၀။ အလွန်အကျွံ အိပ်စက်အနားယူခြင်း(အလုပ်ချိန်မှာ အိပ်စက်အနားယူခြင်းကို ဆိုလိုသည်)
အေးဝမ်းစိုး
(9-7-2012)ထုတ် နိုင်ငံတကာသတင်းဂျာနယ်မှ။

No comments:
Post a Comment