- "မျက်စိမမြင်သော မိန်းကလေးတစ်ဦး၏ပုံပြင်"
- မျက်စိမမြင်သော မိန်းကလေးတစ်ယောက် ရှိခဲ့တယ်။ သူမဟာ သူမကိုယ်သူမ မုန်းတယ်။ ဘာကြောင့်လည်းဆိုတော့ သူမဟာ မျက်စိမမြင်လို့ပါပဲ။ သူမ ချစ်မြတ်နိုးသော သူမရဲ့ချစ်သူမှလွဲပြီး သူမ လူတိုင်းကို မုန်းတယ်။ သူက သူမအတွက် အမြဲတမ်းကူညီဖို့ အဆင်သင့်ရှိနေပေးတယ်။ "တကယ်လို့ သူမသာ မျက်စိမြင်နိုင်ခဲ့လို့ရှိရင် သူမရဲ့ချစ်သူကို လက်ထပ်မယ်"လို့ သူမ ပြောခဲ့တယ်။
- တစ်နေ့မှာတော့ တစ်စုံတစ်ယောက်က သူမကို မျက်လုံးတစ်စုံလှူဒါန်းခဲ့တယ်။ သူမ အရာအားလုံးကို မြင်နိုင်သွားတယ်။ သူမ၏ချစ်သူကောင်လေး အပါအဝင်ပေါ့။ သူမရဲ့ချစ်သူက သူမကိုမေးတယ် "အခုတော့ နင့်မျက်စိမြင်သွားပြီဆိုတော့ နင်ငါ့ကို လက်ထပ်နိုင်မလား"။
- သူမရဲ့ချစ်သူကို မျက်စိမမြင်တာ(ကန်းနေတာ) မြင်တွေ့လိုက်ရတော့ သူမ အရမ်းကို စိတ်ချောက်ချားသွားခဲ့ပြီ၊ သူမ သူ့ကို လက်ထပ်ဖို့ငြင်းလိုက်တယ်။ သူမရဲ့ချစ်သူဟာ မျက်ရည်များစွာနှင့် အဝေးကို လမ်းလျှောက်ထွက်သွားပြီးနောက် စာတစ်စောင်ရေးကာ သူမကို ပြောခဲ့တယ်။ စာထဲမှာရေးထားတာက "မြတ်နိုးရသော ချစ်သူ၊ ငါ့ရဲ့မျက်လုံးတွေကိုသာ ဂရုစိုက်လိုက်ပါ"တဲ့။
- ဝတ်ရည်ဖူး
Sunday, June 7, 2015
မျက်စိမမြင်သော မိန်းကလေးတစ်ဦး၏ ပုံပြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment