- "မနက်ဖန်အတွက်"
- တစ်နေ့တာရဲ့
- မဝေးကွာသေးတဲ့
- နွေးထွေးဆဲလှုပ်ရှားမှုများ။
- အိပ်ယာထဲဝင်
- နဖူးပေါ်လက်တင်
- ဖန်သားပြင်ပေါ်က ရုပ်ပုံပမာ
- တစ်လွှာစီဖြန့်ကြည့်။
- ဘဝအသိနဲ့ ယှဉ်
- တရားအသိနဲ့ မြင်
- မှားတာရှိရင် ပြုပြင်
- ဆင်ခြင်စရာတွေရွေးထုတ်
- (မနက်ဖန်မှာ)
- ပိုပြီးကောင်းအောင်လုပ်။ ။
- တင်ဝင်းမောင်(အောင်လံ)

No comments:
Post a Comment