- "နောင်ခါလာ နောင်ခါဈေး"
- နောင်ခါလာ နောင်ခါဈေး
- သည်အတွေး သည်အမြင်
- ရင်ထဲမှာ ခိုင်မာမြဲ
- ငြိစွဲလို့ပင်
- ကိုယ်ထင်ရာ ကိုယ်လုပ်ချင်
- မဆင်ခြင် မစစ်ကြော၊
- တစ်ဇွတ်ထိုးနောက်မဆုတ်
- လုပ်တတ်ပြန်ရော။
- ပြောပြန်လျှင် မနှစ်ခြိုက်
- အရွဲ့တိုက်နေချင်
- ရှေ့ရေးမမြင်
- ဘယ်သူ့မှ ထီမထင်
- အသွင်က သည်သဘော
- အတွေးအခေါ် အဆုံးအဖြတ်များရယ်က
- ထပ်ခါထပ်ခါ မှားလာတော့
- နောင်ခါလာ နောင်ခါဈေးရယ်
- ဘေးတွေ့ပြီကော။ ။
- အောင်ထွန်းလင်း(ချောက်)

No comments:
Post a Comment